ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

အာဆီယံနိုင်ငံတွေက သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း မြန်မာစစ်ကောင်စီနဲ့ တန်ပြန်အကြမ်းဖက်မှု စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ထားတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ အာဆီယံ လွှတ်တော်အမတ် တွေက ထုတ်ဖော်ပြောပါတယ်။

အာဆီယံအဖွဲ့ကပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံလွှတ်တော်အမတ်တွေက အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်မယ့် ဘုံသဘောတူညီချက် ၅ ရပ်ကိုလိုက်နာဖို့ စစ်ကောင်စီက နိုင်ငံရေးဆန္ဒမရှိတာကို စဉ်ဆက်မပြတ် ပြသခဲ့တာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ စစ်ကောင်စီကို ချန် လှပ်ထားဖို့ အာဆီယံအဖွဲ့ကို တောင်းဆိုပါတယ်” လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအ ဖွဲ့ (APHR) ဥက္ကဌနဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် မာစီဘာရန်းစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီရွေးကောက်ခံ NUG၊ CRPH၊ PDF နဲ့ အခြားဒီမိုကရေစီအဖွဲ့အ စည်းတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တန်ပြန်အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်တာလို့ သူက ဆိုပါတယ်။

တန်ပြန်အကြမ်းဖက်မှုဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM+) ကို သြဂုတ် လနဲ့ စက်တင်ဘာလအတွင်း မြန်မာနဲ့ရုရှားနိုင်ငံမှာ ပြုလုပ်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဲ့ ထုတ်ပြန် ချက်တွေနဲ့ အာဆီယံဝဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနဲ့ရုရှားဟာ ၂၀၂၁ ခုနှစ်ကတည်းက အဆိုပါလုပ်ငန်းကော်မတီရဲ့ ဉက္ကဌအဖြစ် တာဝန်ယူခဲ့တာလို့ သိရပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ကို လက်သင့်မခံကြောင်း ထုတ်ဖော်ပြောရာမှာ အာဆီယံအဖွဲ့က ညီညွတ်မှုရှိရမှာဖြစ်ပါတယ်။ ဒီလိုမျိုး စစ်ရေး လေ့ကျင့်မှုအားလုံးကို ဖျက်သိမ်းပြီး စစ်ကောင်စီကို အနာဂတ် စစ်ရေးလေ့ကျင့်မှုနဲ့ ကာကွယ်ရေးဆိုင်ရာ အစည်း အဝေးတွေမှာ ပါဝင်ခွင့်မပြုဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – https://aseanmp.org/
Ref; ASEAN must exclude Myanmar junta from all joint military exercises, Southeast Asian MPs say

#Ayeyarwaddy_Times