ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ဘင်္ဂလားဒေ့ရှ်အတိုက်အခံ BNP ပါတီ ထောက်ခံသူတွေဟာ လာမယ့် ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဒါကာမြို့တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။
အာဏာရပါတီ Awami League ထောက်ခံသူတွေက ငြိမ်းချမ်းရေးဆိုင်ရာ လူစုဝေးပွဲတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့တာကြောင့် အတိုက်အခံပါတီထောက်ခံသူတွေက အခုလို ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒ ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေ မပြုလုပ်နိုင်အောင် ရဲတပ်ဖွဲ့က ဒါကာမြို့တော်မှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတိုက် အခံပါတီ BNP က ပြောပါတယ်။
ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ ပြုလုပ်ပေးဖို့ ပါတီက ထပ်တလဲလဲ တောင်းဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရက်အ တွင်း ခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ BNP ခေါင်းဆောင် မီဇာအဘတ်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဒါကာမြို့တော်မှာ လူပေါင်း ၃၅၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ တပ်ဖွဲ့က ပြောပါတယ်။
“ဖမ်းဆီးခံရသူအများစုက ရာဇဝတ်မှုတွေအတွက် အလိုရှိသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အပြစ်မရှိသူ တွေကို မဖမ်းဆီးပါဘူး” လို့ ဒါကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်ဟူစိန်က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဒါကာမြို့တော်သို့လာရောက်တဲ့ ဝင်ပေါက်အားလုံးမှာ စစ်ဆေးရေးဂိတ်တွေ တည်ဆောက်ခဲ့ တယ်လို့ ဒေသန္တရမီဒီယာတွေက ပြောပါတယ်။
အတိုက်အခံပါတီရဲ့ ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲလာပြီးနောက် လူတစ်ဉီးထက်မ နည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့နှစ် စက်တင်ဘာလနောက်ပိုင်း ရဲတပ်ဖွဲ့၊ အာဏာရပါတီထောက်ခံသူတွေနဲ့ တိုက်ခိုက်မှုတွေအတွင်း တက်ကြွလှုပ်ရှားသူ ၁၈ ဉီး သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရရှိခဲ့တယ်လို့ BNP က ပြောပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှု၊ ပါတီအကြီးအကဲ ခါလီဒါဇီယာကို ချွင်းချက်မရှိ လွှတ်ပေးရေးနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ယာယီအစိုးရဖွဲ့စည်းရေး တောင်းဆိုကာ BNP က ဆန္ဒပြပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ကိုးကား – EFE
Ref; Thousands gather in Bangladesh to demand PM Hasina’s resignation