ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက ဒရုန်းအသစ်တွေ၊ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် တွေ ထုတ်ဖော်ပြသတာကြောင့် အမျိုးသားလုံခြုံရေးအတွက် အရင်ထက်ပို ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ဂျပန် နိုင်ငံက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမျိုးသားလုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီလို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက စစ်ရေးအင်အား ကြီးမားလာခဲ့သလို ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကလည်း စိုးရိမ်စရာ ကိစ္စရပ်တစ်ခုလို့ ကာကွယ်ရေးဝန်ကြီးဌာနက စက္ကဖြူစာတမ်းတစ်ခုမှာ ဖော်ပြပါတယ်။
“မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည်တပ်ထားတဲ့ နျူကလီးယားလက်နက်နဲ့ ဂျပန်နိုင်ငံကို တိုက် ခိုက်နိုင်စွမ်းရှိတယ်လို့ ယူဆရတယ်” လို့ အဆိုပါစာတမ်းက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ အရှိန်မြှင့်ပြုလုပ်ကာ စစ်ရေးပြပွဲအခမ်းအနားတစ်ခု ပြလုပ်ချိန်မှာ အဆိုပါစက္ကူဖြူစာတမ်းကို ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အတည်ပြုခဲ့တာဖြစ်ပါတယ်။
အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားနဲ့တရုတ် တာဝန်ရှိသူတွေရဲ့ ခရီးစဉ်အတွင်း ဒရုန်းသစ်တွေ၊ နျူက လီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ ပါဝင်ပြသတဲ့ စစ်ရေးပြပွဲတစ်ခုကို ကင်ဂျုံ အန်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။
ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအရ ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့အတူ ထောင် နဲ့ချီတဲ့ စစ်သားတွေ ချီတက်လာစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူ၊ တရုတ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီ ဟောင်ကျောင်တို့နဲ့အတူ ကင်ဂျုံအန်က အလေးပြုခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကင်ဂျုံအန်ရဲ့ ပထမဆုံး ပြည်ပဧည့်တွေ့မှုဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးတဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ကိုးကား – TRT World
Ref; Japan raises alarms after North Korea parades new drones, ICBMs