ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
မေလအတွင်း ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးအရ မတိုးသာမဆုတ်သာအခြေအနေကြောင့် ဝန် ကြီးချုပ်သစ်တစ်ဉီး ရွေးချယ်နိုင်ဖို့ သြဂုတ်လ ၄ ရက်မှာ လွှတ်တော်အစည်းအဝေးကျင်းပဖို့ စီစဉ်ထားတယ်လို့ ထိုင်းလွှတ်တော်က ပြောပါတယ်။
ပါတီခေါင်းဆောင် ပီတလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတဲ့ ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ရဲ့ ကြိုးပမ်းမှုနှစ်ကြိမ်ကို စစ်တပ်ကခန့်အပ်တဲ့ အထက်လွှတ်တော်အမတ်တွေက ပိတ်ပင် ခဲ့ပါတယ်။
မေလရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပြီး ရှစ်ပါတီမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ Pheu Thai ပါတီက နောက်လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်သစ်တစ်ဉီး အဆိုပြုမှာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသရဲ့ ဒုတိယစီးပွားရေးအင်အားအကြီးမားဆုံး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကို ဆယ်စုနှစ် ချီ လွှမ်းမိုးထားတဲ့ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ လွှတ်တော်အမတ်တွေက ပီတရဲ့ ဝန်ကြီးချုပ်ဖြစ် ရေး ကြိုးပမ်းမှုတွေကို ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော်က သင့်တော်သူတစ်ဉီးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ဖို့ စဉ်းစားပြီး ထောက်ခံသွားမယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
တရားရုံးရဲ့ ယခင်ဆုံးဖြတ်ချက်ကိစ္စရပ်ကြောင့် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်ရေးဟာ ကြန့်ကြာမှုရှိနိုင် တယ်လို့ လွှတ်တော်ဥက္ကဌ ဝန်မူဟာမက်နူမာသာက သတင်းထောက်တွေကို ပြောပါတယ်။
ပီတရဲ့ ဝန်ကြီးချုပ်ဖြစ်ရေး အဆိုပြုမှု ပိတ်ပင်ထားတဲ့ ယခုလအစောပိုင်း ဆုံးဖြတ်ချက်တစ်ရပ်နဲ့ပတ် သက်လို့ ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးက အသနားခံစာကို ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက အသနားခံစာကို လက်ခံပါက နောက်နေ့ကျင်းပမယ့် လွှတ်တော်အစည်းအဝေး ကို ရွှေ့ဆိုင်းမယ်လို့ ဝန်မူဟာမက်နူမာသာက ပြောပါတယ်။
ကိုးကား – VOA
Ref; Thai Parliament to Meet Again in August to Choose PM