ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိူင်လ ၂၇ ရက်နေ့က အမှတ်(၂) ပုသိမ်မြစ်ကူးတံတား သံပေါင်ပေါ်သို့တက်ရောက်ခဲ့သူဟာ စိတ်ပုံမှန်မဟုတ်ဘဲ ကျေးရွာတစ်ခုမှရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရသည်။

တံတားပေါ်ကိုတက်ရောက်ခဲ့သူမှာ ငွေဆောင်မြို့နယ်ခွဲ၊မဒေါ့ကုန်းကျေးရွာအုပ်စု ၊ဝါးတောတဲစုမှာနေထိုင်တဲ့ အသက်(၂၂)အရွယ်လပြည့်စိုး(ခ)ကြွက်နီ ဆိုသူဖြစ်ပြီး စိတ်ဝေသနာရှင်တစ်ဦးဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

“မီးသတ်တွေ နဲ့လူမှုရေးအဖွဲ့တွေ အမျိုးမျိုး ကြိုးစားပြီးချော့ခေါ်တော့မှ တံတားပေါ်တက်ပြီး ၃ နာရီလောက်အကြာမှာ ဆင်းလာတယ်။ အောက်မှာ လူတွေကသူ့ကိုထိုးမယ်ကြိတ်မယ်လုပ်ကြလို့ ရုတ်ရုတ်သဲသဲတွေဖြစ်သွားကြသေးတယ်” ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မိသားစုဘက်ကမှ စိတ်ကျန်းမာရေးမကောင်းသူဟု ပြောဆိုသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအ၀န်းကသိရှိရသည်။

အဆိုပါအမျိုးသားသည် နေ့လည်ပိုင်းက ပုသိမ်တံတား အမှတ် ၂ ၏ တံတားထိပ်သံပေါင်ပေါ်သို့ တက်ရောက်သွားခြင်းဖြစ်ပြီး ပုသိမ်မြို့ခံများမှ သူတို့၏လူမှုကွန်ယက်(facebook)များမှတစ်ဆင့် ဖော်ပြရာမှ လာရောက်ကြည့်ရူသူများပြားခဲ့ကြောင်းမြို့ခံများမှ ပြောသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၂၁ ရက်နေ့ညပိုင်းကလည်း ပုသိမ်တံတားအမှတ်၂ပေါ်မှ အသက် ၂၂ အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို လေးရက်အကြာမှာပြန်လည်ရှာတွေ့ကြောင်းသိရှိရသည်။

#ပုသိမ်မြို့နယ် #တံတားသစ် #စိတ်ကျန်းမာရေးမကောင်သူ #တက်ရောက်သဖြင့် #စစ်ကောင်စီတပ်ဖမ်းဆီး #Ayeyarwaddy_Times