ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၇ ရက်

(Update Edit- အဆိုပါ အမျိုးသားသည် ယနေ့ ဇူလိုင်လ ၂၇ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် တံတားပေါ်မှ ပြန်လည် ဆင်းသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။)

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ ဇူလိူင်လ၂၇ရက် နေ့လယ်ပိုင်းက အမှတ်(၂) ပုသိမ်မြစ်ကူးတံတား သံပေါင်ပေါ်သို့ အမျိုးသားတစ်ဦးတက်ရောက်ကာ ပြန်မဆင်းဘဲ လမ်းလျှောက်နေကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ယနေ့ နေ့လယ်ပိုင်းတွင် ပုသိမ်တံတားအမှတ် (၂) တံတားထိပ်သံပေါင်ပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ် မြို့ခံများထံက သိရသည်။

” မီးသတ်တွေ တက်ခေါ်ဖို့ကြိုးစားတာလဲသူက လျောက်ပြေးနေတယ်။ သူပုံစံက စိတ်ရောဂါ ရှင်လား၊ မူးယစ်ဆေးကြောင်တာ လားတော့မသိဘူး” ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိအချိန်တွင် မီးသတ်၊ ရဲများအပြင် ပုသိမ်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြန်ဆင်းနိုင်အောင်ကြိုးပမ်းခေါ်ဆောင်နေသော်လည်း လက်ခံခြင်းမရှိဘဲ သံပေါင် ပေါ်တွင် ပြေးလွှားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၂၁ရက် နေ့ညပိုင်းကလည်း ပုသိမ်တံတားအမှတ်(၂) ပေါ်မှ အသက်(၂၂) နှစ် အရွယ်အမျိုးသားတစ်ဦး ခုန်ချကာအဆုံးစီရင်ခဲ့ပြီး ရုပ်အလောင်းကို လေးရက်အကြာ (ဇူလိုင်၂၄ရက်) နေ့တွင်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

ပုံစာ- ပုသိမ်မြစ်ကူးတံတား သံပေါင်ပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသား
#ပုသိမ်တံတားထိပ်သံဘောင် #အမျိုးသားတစ်ဦးတက်ရောက် #ပြန်မဆင်း #လမ်းလျှောက် #Ayeyarwaddy_Times