ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
အာဆီယံ ဗဟိုပြုမှုမူဝါဒ ကိုင်စွဲဖို့နဲ့ စိန်ခေါ်မှုအသီးသီး ကိုင်တွယ်ဖြေရှင်းရာမှာ အနီးကပ် လက်တွဲဆောင် ရွက်ဖို့ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက သဘောတူလိုက်ပါတယ်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် လိုက်နာရေးလိုအပ်ချက် အပါအဝင် မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ နယ်ပယ်ပေါင်းစုံကို ဆွေးနွေးခဲ့ကြပါတယ်။
“မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်သာမက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူနည်းစု တွေအပေါ် ဆက်ဆံမှုကိစ္စရပ်တွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါ တယ်။
မတိုးသာမဆုတ်သာ မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအဖွဲ့က ကြိုးပမ်းနေ ပေမယ့် အရာမထင်ပဲ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေသာ တိုးလာခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ရဲ့ သုံးရက်ကြာ မလေးရှားခရီးစဉ်ပြီးနောက်ပြုလုပ်တဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ အီဘရာဟင်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က အရပ်သားအစိုးရကို ဖြုတ်ချ ပြီးနောက် မြန်မာနိုင်ငံမှာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေတာပါ။
စစ်ကောင်စီက တိုင်းပြည်တစ်ဝှမ်း အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေရာ အရေး ပေါ်အခြေအနေကို ခြောက်လ သက်တမ်းတိုးကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ကိုးကား – Bernama
Ref; Malaysia, Philippines agree to uphold Asean centrality in addressing five-point consensus on Myanmar