ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့အ​ခြေစိုက် ခလရ ၁၄၀ တပ်ရင်းမှ ဗိုလ်မှူးသန်းနိုင်ဝင်း ဇူလိုင်လ ၁၆ ရက် ယမန်နေ့က ပစ်သတ်ခံရပြီးနောက် ယနေ့တွင် မတူပီဒေသခံ ၆ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ပင်စင်စားကျန်းမာရေးဝန်ထမ်းလင်မယားအပါ အဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က မတူပီ ခလရ ၁၄၀ တပ်ရင်းအတွင်းဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသ ခံများထံကသိရသည်။

“မနေ့က ဗိုလ်မှူးသန်းနိုင်ဝင်းဆိုတဲ့သူ ပစ်သတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ခေါ်ယူမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ပြီးတော့ အသတ်ခံရတဲ့အချိန်မှာ ဆိုင်ကယ်ပေါ်မှာ အရက် ၁ ဂါလံသယ်တာ တွေ့ရတယ်၊ အဲ့ဒီအရက်နဲ့ ပတ်သက်ပြီး အရက်ရောင်း ဝယ်မှုတွေရှိ/မရှိ စစ် ဆေးမေးမြန်းဖို့ဆိုပြီးတော့ ပင်စင် စားကျန်းမာရေးဝန်ထမ်းဟောင်းလင်မယားအပါအဝင်ပေါ့နော် ဒေသခံ ၆ ဦးကို အဲ့ဒီတပ်ထဲကိုဖမ်းသွားတယ် ”ဟု မတူပီမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါဒေသခံ ၆ ဦးသည် ၄င်းတို့တပ်ဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း CDF-မတူပီက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။