ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်
အာဏာသိမ်းစစ်ကောင်စီကို ဖီဆန်မှုကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ နယူးယောက်မြို့တော် မြန်မာနိုင်ငံသားတစ်ဉီးကို စီရင်ချက်ချမှတ်လိုက်ပါပြီ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ် ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတာကြောင့် နယူးယောက်မြို့ ဖယ်ဒရယ်တရားရုံး
တခုကနေ အမိန့်ချလိုက်ပါ ပြီ။
နိုင်ငံခြားသံအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံရွယ်တယ်ဆိုတဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း တရားရုံးက စီရင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဖြိုးဟိန်းထွဋ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်ကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်တဝိုက်မှာ ဉီးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာရအောင် ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ တရားရုံးက ပြောပါ တယ်။
ဉီးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် NUG ကို သစ္စာခံတာကြောင့် စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မျက်ကွယ် တရားစွဲဆိုခဲ့ပေမယ့် ရာထူးမှနှုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပါ တယ်။
ဖြိုးဟိန်းထွဋ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့လက်နက်ပွဲစားတဦးနဲ့ အဆက်အသွယ်လုပ်ခဲ့ ပြီး သံအမတ်ကြီးရဲ့အတွင်းသတင်းနဲ့ သံရုံးရဲ့အတွင်းသတင်းတွေကို ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
သံအမတ်ကြီးကို ရာထူးကထွက်အောင်ဖိအားပေးတဲ့အနေနဲ့ သံအမတ်ကြီးကို လူငှားတိုက် ခိုက်ဖို့ အဲဒီလက်နက်ပွဲစားဆီကနေ ငွေလက်ခံရယူခဲ့တယ်လို့ တရားရုံးက ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သံအမတ်ကြီး ဉီးကျော်မိုးထွန်းရဲ့ လုံခြုံရေးဆောင်ရွက်ပေး နိုင်အောင်ဆိုတဲ့အကြောင်းပြချက်နဲ့ သူက အနီးကပ် နေပြီး သံအမတ်နဲ့ သံရုံးအချက်အလက်တွေကို ထိုင်းက လက်နက်ပွဲစားဆီပေးပို့ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရပ်ခြားအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်အရဆိုရင် သူ့ကို ထောင်ဒဏ် ငါးနှစ်အထိ အများဆုံး ပြစ်ဒဏ်ပေးနိုင်တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကိုးကား – The Washington Times
Ref; Myanmar national convicted of plot to assault nation’s U.N. ambassador