ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကြား ဝင်ဖျန်ဖြေတာ မလုပ်ရင် လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်က သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ကိုင် တွယ်ဆောင်ရွက်ရာမှာ အကူအညီရရှိဖို့ အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်ခဲ့ပါ တယ်။

“တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် သြဇာလွှမ်းမိုးမှုရှိတယ်လို့ ကျွန်တော်တို့ယုံကြည်တာကြောင့် မြောက်ကိုရီးယားရဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိဖို့ အဲဒီသြဇာလွှမ်းမိုးမှုကို အသုံးချဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယားကို နားချဖို့ ရှောင်ဖယ်မယ်ဆိုရင် အမေရိကန်နိုင်ငံက မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ်လို့ သူက ဆိုပါ တယ်။

“တရုတ်နိုင်ငံက မြောက်ကိုရီးယားကို နျူကလီးယားအစီအစဉ်တွေ ဆက်မလုပ်ဖို့ မဖျောင်းဖျရင် ကျွန် တော်တို့က တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားပါမယ်” လို့ အန် တိုနီဘလင်ကန်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇူလိုင်လ ၁၂ ရက်က ဟွာဆောင်-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေဖို့ ကြိုးပမ်းနေပါတယ်။ အန်တိုနီ ဘလင်ကန်နဲ့ အခြား အရေးကြီး အမေရိကန် တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

ကိုးကား – Benzinga
Ref; US Warns China Of Consequences If Xi Jinping Doesn’t Act On Kim Jong Un’s Missile Launches

#Ayeyarwaddy_Times