ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက အစည်းဝေး‌ခေါ်ပြီး ကြံခိုင်ရေးပါတီက ရွှေးကောက်ပွဲအတွက်စည်းရုံးမှုများပြုလုပ်နေကြောင်း ဒေခသံများထံမှ သိရသည်။

ဇူလိူင်လ ၂၂ ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်း ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းမှ ကျေးရွာအစည်းအဝေးအကြောင်းပြကာ ရွာသားများကိုဖိတ်ခေါ်ပြီး ပါတီစည်းရုံးရေးကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ပထမခေါ်တုန်းက ရွာအစည်းအဝေး ခေါ်တာ၊ အုပ်ချုပ်ရေးမှူး ညီမက ကြံ့ဖွံပါတီ ကိုခုလာမယ့်ရွှေးကောက်ပွဲမဲပေးဖို့တွေ ပြောပြီး စည်းရုံးနေတာ။ တပ်နဲ့ရဲတောင်အပြင်ကို ယူနီဖောင်း၀တ်ပြီးမထွက်ရဲတာ သူတို့က ရွှေးကောက်ပွဲဆိုပြီးရူးနေသေးတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ကန်ကြီးထောင့်မြို့နယ်က ကျေးရွာတစ်ချို့တွင် ဇူလိူင်လအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အကူအညီယူကာ ကြံ့ခိုင်ရေးပါတီမှ စစ်ကောင်စီကျင်းပမည့် ရွှေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးများပြုလုပ်နေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အဆိုပါ ပါတီစည်းရုံးရေးပြုလုပ်သည့် ပွဲကို တက်ရောက်လာသည့် ရွာသားများကို ဖုန်းဘေ တစ်ထောင်စီ ထည့်ပေးခဲကြောင်း ဒေသခံရွာသားများထံမှသိရှိရသည်။

#ကန်ကြီးထောင့်မြို့နယ် #ကြံ့ခိုင်ရေးပါတီ #ကျေးရွာအုပ်ချုပ်ရေးမှူးများ #အစည်းဝေးခေါ်ပေး #Ayeyarwaddy_Times