ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

ထိုင်ဝမ်က ကျူးကျော်စစ်ပွဲကို ခုခံကာကွယ်ဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေချိန် တ ရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားသို့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်တွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ စစ်လေ ယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကျွန်း ဝန်းကျင်သို့ ဂျက်တိုက်လေယာဉ် ၃၇ စင်းနဲ့ စစ်သင်္ဘော ၇ စင်း စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ လေကြောင်းအသိအမှတ်ပြုဇုန်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ထိုင်ဝမ်ဟာ လာမယ့်သီတင်းပတ်အတွင်း Han Kuang စစ်ရေးလေ့ကျင့်မှု ပြုလုပ်တော့မှာဖြစ်ပြီး တရုတ် နိုင်ငံရဲ့ ဖြစ်နိုင်ဖွယ် ကျူးကျော်မှုကို ခုခံကာကွယ်တဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

ပြည်မကြီးမှာ ကွန်မြူနစ်ပါတီ အာဏာရရှိစေခဲ့တဲ့ ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် ထိုင်ဝမ်နဲ့တရုတ်ဟာ ၁၉၄၉ ခုနှစ်မှာ ကွဲထွက်သွားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း မည်သည့်အခါမျှ မဖြစ်ခဲ့ ပေမယ့် ပေကျင်းကတော့ ပြည်မကြီးနဲ့ ပြန်ပေါင်းစည်းမယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ စစ်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းအနီး စေလွှတ်ခြင်းအားဖြင့် အဆိုပါကျွန်းနိုင်ငံရဲ့ နိုင်ငံရေးဆိုင် ရာ လှုပ်ရှားမှုတွေအပေါ် တရုတ်နိုင်ငံက မကြာသေးမီနှစ်တွေအတွင်း မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို လက် တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ရဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီနဲ့ တွေ့ဆုံမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ဧပြီလအတွင်း ပမာဏကြီးမားတဲ့ ဝေဟင်နဲ့ရေပြင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Taiwan prepares for anti-invasion drills as China sends dozens of warplanes

#Ayeyarwaddy_Times