ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြိုနယ်၊ မိုးထိတောင်ရှိသစ်တောအတွင်းမှာ လက်နက်တွေနဲ့ စခန်းတစ်ခုကို ဇူလိူင်လ၂၀ ရက်က သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်များမှ ဖော်ပြမှုများအား တွေ့ရသည်။
စစ်ကောင်စီတပ်ဘက်က စခန်းတစ်ခုလက်နက်များနှင့်အတူ သိမ်းနိုင်ခဲ့ကြောင်းဝါဒဖြန့်နေသည့် မိုးထိ တောင်ကြောဘက်သည် ရခိုင်းရိုးမနှင့်ထိစပ်နေသည့်နေရာဖြစ်သဖြင့် ဖြစ်နိုင်သော်လည်း အတည်ပြုမရ နိုင်ကြောင်း ဒေသခံများမှ ပြောသည်။
“မိုးထိတောင်ကြောဘက်က ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့နေရာနားမှာ စခန်းတစ်ခု တွေ့တာလိုပြောတယ်။ အဲ့နေရာတွေက စစ်ကြောင်းအမြဲတိုင်းထိုးနေတာပဲ၊ ခုရက်ပိုင်းမှာ အင်အား ၅၀ လောက် နဲ့ရှာနေကြတာ တော့တွေ့တယ်။ စခန်းတွေ့ မတွေ့တော့ ကိုယ်တွေမမြင်ရအတည်ပြုလိုတော့မရဘူး သတင်းရလို့ ရှာနေတာတော့ကြာနေပြီ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ပြောသည်။
ကြံခင်းမြိုနယ်၊ မိုးထိတောင်အနီးတွင် စစ်ကောင်စီကသတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ လူနေတဲ့ ၃ လုံး၊ အိုင်ကွန် အထိုင်စက် ၁ လုံး၊ အိုင်ကွန်အားသွင်းခုံ ၄ ခု၊ ဘက်ထရီအိုး ၃ လုံး၊ ၉ မမကျည် ၂၇၀ တောင့်၊ ၇.၆၂ ကျည် ၄၀ တောင့်၊ ပွိင့် ၂၂ ကျည် ၄၀၀ တောင့်၊ ၄၀ မမ ဗုံးသီ ၁၄ လုံး၊ လက်လုပ်ဗုံးသီး ၇ လုံး သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားသည်။
ကြံခင်းမြိုနယ်အတွင်း လက်နက်နှင့် စခန်းတစ်ခု စစ်ကောင်စီဘက်ကသိမ်းဆည်းရမိခြင်းနှင့် ပတ်သတ်ပြီး ကြံခင်းမြိုနယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းတွင် မေလ ၂၆ ရက်နေ့က ဟိုင်းကြီးကျွန်းမြို့ သံပုရာကုန်းကျေးရွာ၊ ဇွန်လ ၃ ရက်နေ့တွင် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းမှာ လက်နက်တွေနဲ့စခန်းများကို စစ်ကောင်စီက သိမ်းဆည်းရမိခဲ့ပြီး နောက်ပိုင်း ဒေသခံများကို PDF ကို ကူညီပေးသည်ဟုအကြောင်းပြချက်ဖြင့် စွတ်စွဲဖမ်းဆီးမှုများပြုလုပ်ခဲ့သဖြင့် ကြံခင်းဒေသတွင် အလားတူမတရားစွပ်စွဲဖမ်းဆီးခံရမည်ကို ဒေသခံတွေကစိုးရိမ်နေကြကြောင်း သိရှိရသည်။
#ကြံခင်းမြို့နယ် #စစ်ကောင်စီတပ် #စခန်းတစ်ခုသိမ်းဆည်းခံရ #တော်လှန်ရေးအင်အားစု #Ayeyarwaddy_Times