ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် မြန်မာနိုင်ငံက ဝမ်းနည်းစရာ အခြေအနေအတွက် တရုတ်နိုင်ငံမှာ တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးဌာန MI6 အကြီးအ ကဲ ဆာရစ်ချတ်မိုးက ပြောကြားလိုက်ပါတယ်။
“အံ့သြလောက်စရာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မြင်တွေ့ရတာ တုန်လှုပ်ချောက်ချားစေပါ တယ်” လို့ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဆာရစ်ချတ်မိုးက Sky News ကို ပြောပါတယ်။
တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ကျားကန်ပေးထားတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်ခြင်း ရှိ မရှိ မေးမြန်းရာမှာ ဆာရစ်ချတ်မိုးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး မြန်မာ့အရေးဟာ အလွန်ကို စိုးရိမ်စရာအခြေအနေတစ်ခုလို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် မြန်မာနိုင်ငံက ဝမ်းနည်းစရာ အခြေအနေအတွက် တာဝန်ရှိမှာကို သူ စိုးရိမ်တယ်လို့ ဆာရစ်ချတ်မိုးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်ဟာ မြန်မာနိုင်ငံသို့သွားရောက်ပြီး အာဏာ သိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်ကောင်စီအတွက် အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ထောက်ခံမှုတစ်ခုမှာ ရ ထားလမ်းဖောက်လုပ်ရေး စီမံကိန်းသစ်တစ်ခု ဖော်ဆောင်ရေးဖြစ်ပါတယ်။
Sky News သတင်းထောက်ချုပ် စတီးအပ်ရမ်ဆေးနဲ့ သတင်းအဖွဲ့ဟာ မြန်မာ့ပြည်တွင်းစစ်ကို မြေပြင် ဆင်းပြီး သတင်းရယူခဲ့ပါတယ်။
Sky News သတင်းအဖွဲ့ဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာနဲ့ သိပ်မဝေးတဲ့ တောတောင်တွေထဲမှာ တစ်လ ကြာသည်အထိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ဆေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။
ကိုးကား – Sky News
Ref; China has a responsibility for the ‘tragic’ situation in Myanmar, says MI6 chief