ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
တရုတ်ထိပ်တန်းသံတမန် ဝမ်ယိဟာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးအပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ အ မြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက ထိုင်းနိုင်ငံနဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေး တိုးမြှင့်ကာ ဘုံအကျိုးစီးပွားအပြင် ဒေသ တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပြင် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းတွေကို စောင့်ရှောက်ဖို့ အသင့်ရှိ တယ်လို့ ဝမ်ယိက ပြောပါတယ်။
ထိုင်း-တရုတ်ချစ်ကြည်ရင်းနှီးမှုရဲ့ အရေးပါမှုကို ဒွန်ပရာမြူဒီနိုင်းက ပြောကြားခဲ့ပြီး ဘက်စုံပူးပေါင်း ဆောင်ရွက်မှု တိုးတက်လာမှုနဲ့ နှစ်နိုင်ငံကြား နယ်ပယ်အသီးသီးမှာ နီးကပ်သော ဆက်ဆံရေးတိုးတက်လာတာကို မြင်တွေ့ရပြီလို့ ဆိုပါတယ်။
ဒွန်ပရာမြူဒီနိုင်းက မကြာသေးမီအချိန်တွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဝမ် ယိကို ရှင်းပြခဲ့ပြီး မြန်မာ့အရေး နိုင်ငံရေးအဖြေရှာရာမှာ တရုတ်နိုင်ငံက အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံ အားပေးပြီး မြန်မာပဋိပက္ခအတွက် အဖွဲ့အစည်းအားလုံးလက်သင့်ခံတဲ့ လမ်းညွှန်မြေပုံတစ်ခု ရေးဆွဲဖို့လိုအပ် တယ် ဝမ်ယိက ဆိုပါတယ်။
မြန်မာ့အရေးမှာ ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းနည်းကို တရုတ်နိုင်ငံက အသိအမှတ်ပြုကြောင်း၊ အာဆီ ယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းဖို့ တရုတ်နိုင်ငံက အမြဲ ရပ်တည်ကာ အပြုသ ဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မယ်လို့ ဝမ်ယိက ပြောပါတယ်။
ကိုးကား – Xinhua
Ref; Wang Yi discusses bilateral ties, Myanmar with Thai deputy PM