ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ သစ်ဖြူပင်ရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့ညနေပိုင်းက ရဲထံ ငွေ ပေးကာပြုလုပ်နေသည့်လောင်းကစားဝိုင်းကိုစစ်တပ်မှအင်အားအလုံးအရင်းဖြင့်ဝင်ဖမ်းခဲ့ကြောင်း သတင်းရရှိသည်။
သစ်ဖြူပင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ရွာခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီးကစားဝိုင်းငွေကြေးသိန်း ရာချီနှင့်ဆိုင်ကယ် (၂၀)ဦးထက်မနည်းကိုတပ်ပိုင်အဖြစ်သိမ်းဆည်းသွားခဲ့ကြောင်းဒေသခံများမှ ပြောသည်။
လောင်းကစားဝိုင်းကရတဲ့ငွေသိန်းနှစ်ရာကျော်နဲ့ဆိုင်ကယ်အစီး၂၀ကျော်ကို ရဲစခန်းကိုအလာပြပြီးတော့စစ်တပ်ကသိမ်းသွားတယ်။ရဲအရေးပိုင်အမှုဖြစ်နေလို့သက်သေခံပစ္စည်းတောင်းတာကိုတပ်ပိုင်ဆိုပြီးအသိမ်းခံလိုက်ရတယ်” ဟု ရေကြည်မြို့မရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်မှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ခြံရှင်အပါဝင် လောင်းကစားဝိုင်း၌ ဖမ်းမိသူများအား ရေကြည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၂၀၀ ကျော်နှင့် ဆိုင်ကယ်များကိုသာ သက်သေခံအဖြစ် အသွင်းပြပြီး အားလုံးကို တပ်ပိုင်အဖြစ်သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
အလားတူ ငရုပ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာတွင် ကျေးရွာစာရေးအပါအဝင်ရွာခံ ၄၀ ဦးနီးပါးကိုလောင်းကစားမှုဖြင့်ဇွန်လ၂၂ ရက်မှဇူလိုင်လ ၃ရက်နေ့အထိအချိန် (၁၁)ရက်ကြာဖမ်းဆီးခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှတစ်ဦးလျှင်ငွေကျပ် (၃)သိန်းစီတောင်းယူခဲ့ပြီးအာမခံပေးအပ်ကာအမှုပိတ်သိမ်းမှုရှိခဲ့သည်။
#ငါးသိုင်းချောင်းမြို့ #လောင်းကစားကို #စစ်ကောင်စီတပိဝင်စီး #Ayeyarwaddy_Times