ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ စည်းလုံးညီညွတ်မှုရှိကြဖို့ အာဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီး ရှားနိုင်ငံက သတိပေးလိုက်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ ထိရောက်မှုအပေါ် သံသယရှိနေကြပြီး မြန်မာ့အရေးမှာ အာဆီယံအဖွဲ့ သဘောထားကွဲလွဲပြီး စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်နေစဉ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြုလုပ်တာပါ။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်အမှာစကားပြောရာမှာ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာအကြောင်းကို တိုက်ရိုက်မဖော်ပြပေမယ့် အများယုံကြည်လက်ခံမှသာ အာဆီ ယံအဖွဲ့က ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
“အာဆီယံအဖွဲ့အနေနဲ့ စည်းလုံးညီညွတ်မှုနဲ့ အများယုံကြည်လက်ခံနိုင်စွမ်း ထိန်းသိမ်းနိုင်မှသာ မြန်မာ့ အရေးဖြေရှင်းရာမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် ကန့်လန့်ကွာနောက် ကွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ကဖျက်ကယက်ဖြစ်စေတဲ့ လုပ်ဆောင်မှုတစ်ခုအဖြစ် ဝေ ဖန်ခံခဲ့ရတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းနိုင်ငံကလည်း မြန်မာ့အရေး အ လွတ်သဘောဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အလွတ်သဘောဆွေးနွေးပွဲစတင်ဖို့ နှစ်ဖက်စလုံးကတောင်းဆိုတဲ့ ကြိုတင်သတ်မှတ်ချက်တွေကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အခက်အခဲဖြစ်စေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အကျိုးမရှိတဲ့ အဖြေရှာမှုကြောင့် တာရှည်ခံသောငြိမ်းချမ်းရေး ဘယ်တော့မှရရှိမှာမဟုတ်ဖူးလို့ ရတ်နိုမာ ဆူဒီက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂကတော့ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ် တို့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်းဂေါင်ကတော့ ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်ဖူးလို့ သိရပါတယ်။
ကိုးကား – Reuters
Ref; ASEAN urges unity and credibility amidst talks on Myanmar crisis