ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့က ကမ်းနီကျေးရွာအုပ်စုရှိ တယ်လီနော် တာဝါတိုင်တစ်ခုမှ ဆက်သွယ်ရေးကြိုးများပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လှည်းကျော်ကျေးရွာရှိ တယ်လီနော်တာဝါတိုင်ခြေမှ ဆက်သွယ်ရေးကြိုးတွေပျက်စီးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံဝန်ထမ်းများက PDF တပ်ဖွဲ့ဝင်များလုပ်တောင်ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။
”
အမှန်က ဆက်သွယ်ရေးကြိုးတွေကို တမင် လာဖြုတ်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ PDF လုပ်တာလို့ မထင်ဘူးဗျ၊ မိုင်တဲလ်တာဝါတိုင်တွေလုပ်ရင်တော့ တမျိုးပေါ့နော်။ ဒီစစ်ကောင်စီဘက်က ကောင်တွေကတော့ သိတဲ့အတိုင်း PDF တွေလုပ်တာဆိုပြီး စွပ်စွဲတော့တာပဲ”ဟု ကျေးရွာဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
တာဝါတိုင်အောက်ခြေဆက်သွယ်ရေးကြိုးတွေပြတ်တောက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ကျေးရွာအနား ကင်းပုန်းဝတ် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ခုလိုမျိုး တယ်လီနော်တာဝါတိုင်အောက်ခြေကို ဖျက်စီးတာမျိုးကို PDF တွေအနေနှင့် လုပ်မှာမဟုတ််ဘဲ မိုင်တဲလ်တာဝါတိုင်မျိုးလုပ်တာဖြစ်နိုင်ကြောင်း ဒေသခံတွေအကြား ဝေဖန်မှုပြောဆိုမှုတွေလည်း ရှိနေကြောင်း သိရသည်။
#ပုသိမ်မြို့နယ် #တယ်လီနော်တာဝါတိုင် #အောက်ခြေဆက်သွယ်ရေးကြိုးများ #ဖျက်စီးခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times