ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင်လ ၁၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တော်မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ ပြဿနာအသီးသီး အထူးသဖြင့် မြန်မာ့အရေးကို မဖြေရှင်းနိုင်တာကြောင့် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာစစ်ကောင်စီနဲ့ တင်းမာစွာ ထိ တွေ့ဆက်ဆံမယ်လို့ လေ့လာသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေး ဖြေရှင်းရာမှာ တိုးတက်မှု အနည်းငယ်သာရှိခဲ့တာကြောင့် အာဆီယံအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လာပါတယ်။

မေလအတွင်း မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း မိုချာ တိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေနဲ့ ဆေးရုံ တွေ အပါအဝင် အဆောက်အအုံအများအပြား ပျက်စီးခဲ့ပေမယ့် စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းတွေကို လေဘေးသင့်ပြည်သူတွေအတွက် ကူညီခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအသင့်ဆုံး ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့် ပိတ်ပင်တဲ့ စစ်ကောင်စီကို ကုလသမဂ္ဂက ရှုတ်ချခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီပေးခွင့် ပိတ်ပင်ထားတာကြောင့် အာဆီယံအ ဖွဲ့က မြန်မာနိုင်ငံသို့ အကူအညီအချို့ ပေးအပ်ခဲ့ပေမယ့် တစ်ကယ်လိုအပ်သူတွေအတွက် လိုအပ်နေမြဲဖြစ်ကာ မ လုံလောက်ပါဘူး။

အာဆီယံအဖွဲ့က စစ်ကောင်စီကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ၊ ဝန်ကြီးအဆင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အဆို ပြုခဲ့ပါတယ်။

စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့ပေမယ့် အဆိုပါတူညီဆန္ဒကို လျစ် လျူရှုခဲ့တာကြောင့် ဖော်ဆောင်မှုအပိုင်းမှာ တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ အာဆီယံခေါင်းဆောင်တွေကတော့ ပြောပါတယ်။

စစ်ကောင်စီအပေါ် လက်တွေ့ကျတဲ့ အရေးယူမှုတွေ ပိုမိုပြုလုပ်ဖို့ အာဆီယံအဖွဲ့က အင်တင်တင်ဖြစ် နေတယ်လို့ နိုင်ငံတကာက ပြောပေမယ့် အာဆီယံအဖွဲ့ရဲ့ လက်ရှိရပ်တည်ချက်က စည်းလုံးညီညွတ်မှုကို ပြသတာ လို့ လေ့လာသူအချို့က ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂျကာတာမြို့တော်မှာ တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် သဘောတူညီချက် ရ မရကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ကိုးကား – CNA
Ref; ASEAN foreign ministers to meet amid worsening Myanmar crisis

#Ayeyarwaddy_Times