
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တရားရုံးကို ဗုံးခွဲတိုက် ခိုက်ခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တရားသူကြီးကိုပစ် ခတ်ရှင်းလင်းတာတွေ မနေ့ ဇူလိုင်လ ၁၅ ရက်မှာလုပ် ဆောင်ခဲ့တယ်လို့ Special Task Agency of Burma (STA)အဖွဲ့က ထုတ်ပြန်ပါတယ်။
ရန်ကုန် – ညောင်တုန်းကားလမ်းမကြီးဘေးမှာရှိတဲ့ လှိုင်သာယာမြို့နယ်တရားရုံးမှာ မနေ့ညနေ ၄ နာရီဝန်း ကျင်မှာဗုံးပေါက်ကွဲခဲ့တယ်လို့ဒေသခံတွေဆီကသိရပြီး အဲ့ဒီဗုံးခွဲတိုက်ခိုက်မှုကို STA အဖွဲ့ကလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မနေ့ ည ၇ နာရီခွဲအချိန်မှာဘဲ အိမ်ပြန်ဖို့ ကားငှားနေတဲ့ စစ်အုပ်စုလက်အောက်ခံ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားသူကြီး ဦးစန်းလင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတရားသူကြီး ဦးစန်းလင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်အုပ်စုအလိုကျအတိုင်း နိုင်ငံ ရေးပုဒ်မတွေတပ်ပြီး မတရားတဲ့အမိန့်နဲ့ထောင်ဒဏ်တွေ ချမှတ်နေလို့ ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ STA ကဖော်ပြပါတယ်။
STA အနေနဲ့ စစ်ကောင်စီလက်ပါးစေတွေနဲ့ စစ်အုပ်စုထောက်တိုင်တွေကို ရှင်းလင်းဖျက်စီးတဲ့ လုပ်ငန်းတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံတရားသူကြီး။ (CJ)