ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်ရေးလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းဝန်း ကျင် ပြီးစီးပြီလို့ အိန္ဒိယ ပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးများဆိုင်ရာဝန်ကြီး နီတင်ဂတ်ကာရီက ပြောကြား လိုက်ပါတယ်။

အရှေ့တောင်အာရှဒေသကို ကုန်းမြေချင်းဆက်ပေးပြီး သုံးနိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ပေးမယ့် ကီလိုမီတာ ၁၄၀၀ ခန့်ရှိသော အဝေးပြေးလမ်းမကြီးကို အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက ဖောက်လုပ်နေပါတယ်။

“သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးပါပြီ” လို့ စီမံကိန်းတိုးတက်မှုအ ပေါ် မေးမြန်းမှုတစ်ခုကို ဖြေကြားရာမှာ နီတင်ဂတ်ကာရီက ပြောပါတယ်။

အဆိုပါအဝေးပြေးလမ်းမကြီးက အိန္ဒိယနိုင်ငံ မိုရေးမြို့ကို မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နဲ့ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်မှုပြီးစီးမယ့်အချိန်နဲ့ အသုံးပြုလို့ရမယ့်အချိန် စတဲ့အသေး စိတ်အချက်တွေကိုတော့ နီတင်ဂတ်ကာရီက ပြောကြားခဲ့ခြင်းမရှိပါဘူး။

မဟာဗျူဟာမြောက် အရေးပါတဲ့ အဆိုပါအဝေးပြေးလမ်းမကြီး တည်ဆောက်မှုဟာ ကြန့်ကြာမှုတွေ ရှိခဲ့ ပါတယ်။ အိန္ဒိယအစိုးရက အစောပိုင်းမှာ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်အ သုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။

ကိုးကား – News 18
Ref; Gadkari Says 70% Work of India-Myanmar-Thailand Trilateral Highway Complete

#Ayeyarwaddy_Times