ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

ယူကရိန်းက နိုင်ငံခြားသား ကြေးစားစစ်သားတွေနဲ့ အနောက်နိုင်ငံတွေမှ ဗိုလ်ချုပ်ကြီးတွေကို ရုရှားကို တိုက်ခိုက်ရာမှာ အရပ်ဘက်အခြေခံအဆောက်အအုံတွေ အသုံးပြုခွင့်ပေးခဲ့ပြီး နိုင်ငံခြားသားအားလုံးကို သုတ်သင် ချေမှုန်းပစ်မယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောကြားလိုက်ပါတယ်။

“ယူကရိန်းက ကြေးစားစစ်သားတွေ၊ အနောက်နိုင်ငံတွေမှဗိုလ်ချုပ်ကြီးတွေ၊ နည်းပြတွေနဲ့ စစ်ဘက်ဆိုင် ရာ အစည်းအဝေးတွေကျင်းပဖို့ အရပ်ဘက်အခြေခံအဆောက်အအုံတွေ အသုံးပြုနေတာဟာ နိုင်ငံတကာ လူသား ချင်းစာနာမှုဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပါတယ်” လို့ လာရော့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းကို အခုလိုမျိုး စွပ်စွဲနေပေမယ့် ရှေ့တန်းစစ်မြေပြင်မှာ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကို တိုက်ခိုက်စေကာ အရေးပါတဲ့ ဘာမွတ်မြို့တော်လိုမျိုး ယူကရိန်းပိုင်နက်တွေကို ထိန်းချုပ်မှုတွေ ရရှိခဲ့ပါတယ်။

“ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံခြားသား ကြေးစားစစ်သားတွေ၊ အနောက်နိုင်ငံတွေမှ ဗိုလ်ချုပ်ကြီးတွေနဲ့ အစည်းအဝေးတွေပြုလုပ်တာ ကျွန်တော်တို့ ထောက်လှမ်းတွေ့ရှိရင် ချေမှုန်းသုတ်သင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ဟာ ရုရှားနိုင်ငံကို စစ်ကြေညာခဲ့လို့ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံဟာ မကြာသေးမီက ဒွန်ဘတ်စ်ဒေသ ကရာမာတော့ခ်မြို့ရှိ ယာယီစစ်ဘက်အခြေစိုက်စခန်း တစ်ခုကို ဒုံးကျည်နဲ့ အတိအကျ တိုက်ခိုက်ခဲ့ရာ ကိုလံဘီယာနိုင်ငံသားသုံးဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါစစ်ဘက်အခြေစိုက်စခန်းက ဒါဇင်နဲ့ချီတဲ့ ယူကရိန်းအရာရှိတွေ၊ နိုင်ငံခြားသား အကြံပေးတွေပါ ဝင်တဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားတပ်ဖွဲ့က ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ်ကြီးနှစ်ဉီး၊ ယူကရိန်းတပ်ဖွဲ့ဝင် ၅၀ ခန့်၊ နိုင်ငံခြား သား ကြေးစားစစ်သားနဲ့ စစ်ဘက်အကြံပေး ၂၀ ခန့် သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါ တယ်။
ကိုးကား – Al Arabiya

Ref; Russia will eliminate any foreign fighters and Western generals in Ukraine: Lavrov

#Ayeyarwaddy_Times