ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စာချုပ်တစ်ခုအရ လောဟိမာတင်ကုမ္ပဏီထုတ် F-35 ခေတ်မီဂျက်တိုက် လေယာဉ်တွေ ဝယ်ယူဖို့ အစ္စရေးနိုင်ငံက အတည်ပြုလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံဟာ ကိုယ်ပျောက်နိုင်စွမ်းရှိပြီး ထောက်လှမ်းရေးသတင်းတွေ စုဆောင်းရာမှာ အသုံးပြုနိုင် ကာ ရန်သူ့နယ်မြေအတွက် ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ခေတ်အမီဆုံး F-35 ဂျက်တိုက်လေယာဉ်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်ပါတယ်။

လာမည့်လအနည်းငယ်အတွင်း လက်မှတ်ရေးထိုးဖို့ မျှော်မှန်းရတဲ့ F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူရေး သဘောတူညီချက်ကြောင့် အစ္စရေးနိုင်ငံက အဆိုပါအမျိုးအစားတိုက်လေယာဉ် ၇၅ စင်းအထိ ပိုင်ဆိုင် လာမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။

“သဘောတူညီချက်သစ်ကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ အစ္စရေး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေကြား လေယာဉ်ထုတ်လုပ်ရေးမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။

လော့ဟိမာတင်နဲ့ အင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီ Pratt & Whitney တို့က လေယာဉ်အစိတ်အပိုင်း ထုတ် လုပ်ရေးမှာ အစ္စရေး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပါဝင်ဖို့ သဘောတူခဲ့တယ်လို့ ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

F-35 ဂျက်တိုက်လေယာဉ်တွေကို တိုက်ခိုက်ရေးအတွက် အသုံးပြုတဲ့ ပထမဆုံးတိုင်းပြည် ဖြစ်လာခဲ့ပြီလို့ အစ္စရေးစစ်တပ်က ၂၀၁၈ ခုနှစ် မေလအတွင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံက ဆီးရီးယားပိုင်နက်အတွင်း ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အီရန်နိုင် ငံက ကျောထောက်နောက်ခံပြုထားတဲ့တပ်ဖွဲ့တွေ၊ လက်ဘနွန် ဟက်ဇဘိုလာအဖွဲ့နဲ့ ဆီးရီးယားတပ်ဖွဲ့တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ကိုးကား – Dawn
Ref; Israel to buy 25 F-35 stealth jets in $3bn deal

#Ayeyarwaddy_Times