ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
Federal Wings ဒရုန်းတပ်ဖွဲ့၏ ၂၀၂၃ခုနှစ် နှစ်စပိုင်းမှ စတင်၍ ဇွန်လအထိ ၆ လတာ အတွင်း ဒရုန်းစစ်ဆင်ရေးပေါင်း ၂၈၁ ကြိမ်အထိ ပြုလုပ်တိုက်ပွဲဝင်ခဲ့ပြီး ဒရုန်းဗုံးသီး အမျိုး အစားစုံကို ၆၈၀ ခန့် အသုံးပြုကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမြောက်အများရှိကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် Federal Wings တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ခြောက်ဦး အနက် နှစ်ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်တပ်ဖွဲ့ဝင် လေး ဦးမှာ သင်ဆိုင်ရာနေရာများတွင် တာဝန်ပြန်လည် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ဒရုန်းစစ်ဆင်ရေးများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
Federal Wings ဒရုန်းတပ်ဖွဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို အနိုင်ယူနိုင်ရန်အတွက် အင်အားပြည့်ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်နိုင်ရန်အတွက် ပြည်သူလူထုကိုသာ အားကိုး အားထားဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – Federal Wings
#FederalWings #ဒရုန်း #စစ်ကောင်စီတပ်သား #၆လတာအတွင်းတိုက်ခိုက် #၅၀၀န်းကျင်သေဆုံး #Ayeyarwaddy_Times