ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
ဒေသတွင်းအင်အားကြီး တရုတ်နဲ့အိန္ဒိယ အပါအဝင် ကမ္ဘောဒီးယားနဲ့ အခြား ၇ နိုင်ငံမှ အဆင့်မြင့်ကိုယ် စားလှယ်တွေက မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေရှာဖို့ နည်းလမ်းတွေ ဆွေးနွေးခဲ့ပေမယ့် ဝန်ကြီးချုပ် ဟွန်ဆမ် ကတော့ မြန်မာပဋိပက္ခဟာ အခြေအနေပိုဆိုးလာတယ်လို့ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်ဟာ အရေးတကြီးကိစ္စရပ်တွေရှိတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် ခွန်ဖောက်ဟာ ထိုင်းနိုင်ငံက လက်ခံကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ကမ္ဘောဒီး ယားနိုင်ငံကို ကိုယ်စားပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့နေ့က သူဟာ ဒီစက်ရုံရဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်နေတာ လို့ ဇွန်လ ၁၉ ရက်က ဖနောင်ပင်မြို့တော်ရှိ ရေဆိုးသန့်စင်စက်ရုံတစ်ခု ဖွင့်လှစ်ပွဲမှာ ဟွန်ဆမ်က ပြောကြားခဲ့ပါ တယ်။
“ကျွန်တော် အခု ဒီကိုပြန်ရောက်လာပြန်ပါပြီ။ အာဏာသိမ်းမှုဖြစ်စဉ်ဟာ မြန်မာ့ပြည်တွင်းရေးတစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်ခဲ့တာကြောင့် ကျွန်တော် ဘာမှ မပြောကြားခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
မြန်မာ့အရေးကို မဖြေရှင်းနိုင်တဲ့အပြင် ပဋိပက္ခက အခြေအနေပိုဆိုးလာတယ်လို့ သူက ထောက်ပြပါ တယ်။ အရေးကြီးဆုံးအရာက မြန်မာနိုင်ငံကို ပြည်တွင်းစစ်မဖြစ်အောင် တားဆီးဖို့ဖြစ်တယ်လို့ သူက အကြံပြုပါ တယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်နေချိန်မှာ ကမ္ဘောဒီးယားနိုင်ငံက ရေဆိုးသန့်စင်စက်ရုံတစ်ခု စတင်တည်ဆောက်ခဲ့ပါတယ်” လို့ ဟွန်ဆမ်က ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့မြန်မာကြား ကွာခြားချက်ကို ထင်ဟပ်စေတာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီး ကမ္ဘောဒီးယားမှာ ငြိမ်းချမ်းရေးရရှိနေလို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – The Phnom Penh Post
Ref; PM: Myanmar situation worsening