
ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
ယမန်နေ့ ဇူလိုင်လ ၁၄ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ပိန္နဲကုန်းရွာနဲ့ မခေခမ်းရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ )၊ အင်း PDF၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပူးပေါင်းအဖွဲ့များက စစ်ကောင်စီတပ်စခန်း၏ ဆက်သွယ်ရေးစက်အထိုင်ချထားတဲ့ နေရာနှင့်ရိက္ခာဂိုဒေါင်တွေကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၁) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။