ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ယမန်နေ့က စင်ကာပူကို လေယာဉ်နဲ့ရောက်ရှိလာခဲ့တယ်ဆိုတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာရဲ့ နှုတ် ထွက်စာကို လွှတ်တော်နာယကက လက်ခံလိုက်ပြီဖြစ်ပါတယ်။
သမ္မတ ဂိုတာယာယာက ရာထူးကနှုတ်ထွက်တဲ့အကြောင်း စင်ကာပူကနေ လွှတ်တော်နာယက မာဟင် ဒါထံ အကြောင်းကြားခဲ့တာပါ။ “ဂိုတာယာယာက မနေ့ကစပြီး ရာထူးကနေ တရားဝင် နှုတ်ထွက်သွားပါပြီ” လို့ မာဟင်ဒါက ဆိုပါတယ်။

“ကျွန်တော် သူရဲ့နှုတ်ထွက်စာကို လက်ခံလိုက်ပါပြီ။ ဒီအချိန်ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ သစ်တစ်ဦး ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။” လို့ မာဟင်ဒါက ပြောပါတယ်။
သီရိလင်္ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က သမ္မတ ဂိုတာဘာယာရဲ့နေရာကိုဆက်ခံဖို့ အမတ် တစ်ဦးကို ရွေးကောက်ခံချိန်အထိ ဆန္ဒပြသူတွေရဲ့ ရာထူးကနေနှုတ်ထွက်ဖို့ တောင်းဆိုခံနေရတဲ့ လက်ရှိဝန်ကြီး ချုပ် ရာနေးလ်က ယာယီသမ္မတအဖြစ် ရှိနေမှာဖြစ်ပါတယ်။

“တစ်ပတ်အတွင်း သမ္မတသစ် ရွေးကောက်မှုလုပ်ငန်းစဉ်ပြီးစီးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ချက်တွေပြီးစီးဖို့ သက်ဆိုင်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ ကျွန်တော် ကြိုးပမ်းနေ ပါတယ်” လို့ သူက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံက ၁၉၇၈ ခုနှစ်မှာ သမ္မတအစိုးရစနစ် ကျင့်သုံးချိန်နောက်ပိုင်း ဂိုတာဘာယာက ရာထူး ကနေနှုတ်ထွက်တဲ့ ပထမဆုံးသမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။ ဂိုတာဘာယာ၊ သူရဲ့ဇနီးသည် အိုမာနဲ့ သက်တော်စောင့်နှစ်ဦးဟာ Saudia လေကြောင်းခရီးစဉ်နဲ့ မော်လ် ဒိုက်နိုင်ငံမှ စင်ကာပူသို့ ရောက်ရှိလာခဲ့ပါတယ်။

မော်လ်ဒိုက်သမ္မတ မိုဟာမက်နာရှက်က ဂိုတာယာယာနှင့်မိသားစု စင်ကာပူသို့ရောက်ရှိရေးတွင် နောက် ကွယ်ကနေ အဓိကပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဂိုတာဘာယာက မော်လ်ဒိုက်နိုင်ငံမှာ သတ်ဖြတ်ခံရမှာကို ကြောက်ရွံ့နေတယ်လို့ မိုဟာမက်နာရှက်က ပြောပါတယ်။

ကိုးကား – The Straits Times
Ref; Sri Lanka president Gotabaya Rajapaksa’s resignation accepted: Parliamentary speaker