ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

မြောက်ကိုရီးယားရဲ့ ကျူးကျော်မှုပုံစံကို ခုခံကာကွယ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပမာဏအကြီးမားဆုံးသော ကျည်အစစ်နဲ့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တောင်ကိုရီးယားသမ္မတ ယွန် ဆတ်ခ်ယိုက ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအဖြစ် ကိုရီး ယားနှစ်နိုင်ငံနယ်စပ်အနီး လေ့ကျင့်ရေးကွင်းတစ်ခုမှာ ကျည်အစစ်သုံးတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလ ၂၅ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်ဖြစ်တဲ့ မနေ့က သမ္မတ ယွန်ဆတ်ခ်ယိုဟာ ကိုယ်တိုင် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်စစ်သားတွေက တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေရဲ့ အကူအညီနဲ့ တင့်ကားတွေ၊ လောင်ချာတွေ အသုံးပြု ပြီး တန်ပြန်တိုက်ခိုက်တဲ့ လေ့ကျင့်မှုကို ပြုလုပ်တာကို ယွန်ဆတ်ခ်ယိုက ကြည့်ရှုခဲ့ပါတယ်။

စစ်လက်နက်မျိုးစုံး ၆၀၀ ကျော်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ခန့်ပါဝင်တဲ့ အကြီးမား ဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် မဟာမိတ်ပြုမှုရဲ့ စစ်ရေးအင်အားကို ကြည့်ရှုရတာ စိတ်ကျေနပ်စရာလို့ သုံးပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးမှာ သူက ဆိုပါတယ်။

ခိုင်မာသော အမျိုးသားလုံခြုံရေး အစီအစဉ်တွေ၊ လက်တွေ့ကျတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင် ခြင်းအားဖြင့် တောင်ကိုရီးယားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထား တယ်လို့ သူက ပြောပါတယ်။

ကိုးကား – NHK
Ref; S.Korean president watches largest-ever joint drills with US

#Ayeyarwaddy_Times