ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းက ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦး ပြန်ပေး ဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။
မရှီကထောင်ရပ်ကွက်၊ ဘေလီတံတားထိပ်မှာ ဆိုင်ဖွင့်ထားတဲ့ ဦးသိန်းလွင်ကို အမည်မသိလက်နက်ကိုင် အဖွဲ့က ပြန်ပေးဆွဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ လောလောဆယ်တော့ သူတို့တောင်းတာကို သွားပေးထားတယ်၊ ငွေသိန်း ၃၀၀ နဲ့ ရွှေ ၁၀ သား တောင်းတယ်၊ ပြန်လွတ်လာတယ်တော့ သတင်းမကြားသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဦးသိန်းလွင်ကို ပြန်ပေးဆွဲသွားတဲ့အဖွဲ့က ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကိုတော့ အတည်ကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ခုလိုမျိုး ပြန်ပေးဆွဲတဲ့အဖွဲ့က တောင်းတဲ့ ရွှေနဲ့ငွေတွေကို ပေးထားပေမယ့် ပြန်မလွတ်လာသေးတဲ့အပေါ် မိသားစုဝင်တွေအနေနဲ့လည်း စိတ်ပူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ – ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်အားတွေ့ရစဉ်
#ဖားကန့် #ကော်ဖီဆိုင် #ပြန်ပေးဆွဲခံရ #ရွှေတစ်ဆယ်သားနဲ့ ငွေသိန်း၃၀၀ပေးသော်လည်း #ပြန်မလွတ်သေး
#Ayeyarwaddy_Times