ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ကာကွယ်ခဲ့ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်ရတာအဆင်မပြေရင် သို့မဟုတ် စီမံကိန်းမအောင်မြင်ရင် ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ်လို့ က တိပြုလိုက်ပါတယ်။
ရိုဟင်ဂျာတွေဟာ ဆန္ဒအလျောက် နေရပ်ပြန်တာလို့ ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အလမ်က ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ဒါဟာ ရှေ့ပြေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အဓိကကျတဲ့ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် မဟုတ်ပါဘူး။ အခြေ အနေစောင့်ကြည့်ဖို့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ် ပြန်ပို့မှာဖြစ်ပါတယ်။ သူတို့ ရခိုင်ပြည်နယ်မှာ အဆင်မပြေရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာဖို့ အခွင့်အရေးရှိပါတယ်” လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာက ပူးတွဲလုပ်ဆောင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုမှုတွေပြုလုပ်နေချိန် ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက အခုလို မှတ်ချက်ပြုတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ အဓမ္မ ဌာနေပြန်ပို့တာကို စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ကိုပြန်ပို့ခံရရင် နိုင်ငံသားဖြစ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရို ဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ ကော့ ဘဇားခရိုင်မှာ ခိုလှုံနေကြပေမယ့် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ ရိုဟင်ဂျာ ၃၀၀၀၀ ဝန်းကျင်ကို ဘာဆန်ရှားကျွန်း သို့ ရွှေ့ပြောင်းခဲ့ပါတယ်။
ဌာနေပြန်ပို့ခံရရင် ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် ကို ချက်ချင်း ဆိုင်းငံ့ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြော ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ နေရပ်ပြန်ရေး အခြေအနေတွေကို လေ့လာဖို့ ရိုဟင် ဂျာဒုက္ခသည် ၂၀ ကို ရခိုင်ပြည်နယ်က ပြန်လည်လက်ခံရေးစခန်းတွေကို ပို့ဆောင်ခဲ့ပါသေးတယ်။
ရိုဟင်ဂျာတွေ ဘေးအန္တရာယ်ကင်းစွာ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မယ့်အချိန်အထိ ရိုဟင်ဂျာတွေ ဌာ နေပြန်ပို့ရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အ ရေးအဖွဲ့တွေက အလှူရှင်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံထံ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Bangladesh promises to take back Rohingya if pilot repatriation project fails