ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်

နိုင်ငံအများအပြား အထူးသဖြင့် တရုတ်နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း အင် အားကြီးမားလာခဲ့ပြီး အခြား အဏုမြူလက်နက်ပိုင်နိုင်ငံတွေဟာ ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာမှု ကြောင့် စစ်တပ်တွေကို ခေတ်မီအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။

“ကမ္ဘာတစ်ဝန်း နျူကလီးယား လက်နက်အရေအတွက် ကျဆင်းလာခဲ့ပါတယ်” လို့ စတော့ဟုမ်း အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအင်စတီကျု့ (SIPRI) ရဲ့ ညွှန်ကြားရေးမှူး ဒန်စမစ်က ပြောပါတယ်။

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှားနဲ့ အမေရိကန်လို နျူက လီးယားလက်နက်ပိုင် ကိုးနိုင်ငံကြား စုစုပေါင်း နျူကလီးယားထိပ်ဖူးဟာ ၂၀၂၂ ခုနှစ်အစမှာ ၁၂၇၁၀ ခုရှိခဲ့ရာမှ ဒီနှစ်မှာ ၁၂၅၁၂ ခုအထိ လျှော့နည်းလာခဲ့တယ်လို့ SIPRI က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်ဟာ ၃၅၀ ခုမှ ၄၁၀ ခုအထိ များပြားလာခဲ့တယ်လို့ SIPRI က ဆိုပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ကလည်း နျူကလီးယားထိပ်ဖူးအရေအတွက် တိုးလာခဲ့ပြီး ရု ရှားနိုင်ငံက နျူကလီးယားထိပ်ဖူး ၄၄၇၇ ခုမှ ၄၄၈၉ ခုအထိ အနည်းငယ် တိုးလာကာ ကျန်ရှိတဲ့နျူကလီးယား လက်နက်ပိုင်နိုင်ငံတွေက အင်အားတိုးလာတာမရှိဘူးလို့ သိရပါတယ်။

နျူကလီးယားလက်နက်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ရုရှားနဲ့ အမေရိကန်နိုင်ငံက ပိုင်ဆိုင်ထား တာဖြစ်ပါတယ်။
စီးပွားရေးနဲ့ သြဇာအာဏာ ကြီးမားလာတဲ့ တရုတ်နိုင်ငံက စစ်လက်နက်ထုတ်လုပ်ရေးမှာ ပမာဏကြီး မားစွာ ရင်းနှီးမြှုပ်နှံလာခဲ့တယ်လို့ သိရပါတယ်။

“တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးတိုင်းပြည်တစ်ခုအဖြစ် အရှိန်မြှင့်လာတာ လက်ရှိအခြေအနေအရ ပ ကတိအမှန်တရားတစ်ခု ဖြစ်ပါတယ်” လို့ စမစ်က ဆိုပါတယ်။

ကိုးကား – AFP
Ref; China expands nuclear arsenal as global tensions grow: Study

#Ayeyarwaddy_Times