ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်

လူဉီးရေ ၆၇ သန်းရှိတဲ့ ထိုင်းနိုင်ငံမှာ သက်ကြီးပြည်သူ ၁၂ သန်းကျော်ရှိပြီး ကောင်းစွာ လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်လည်း မြင့်မားပါတယ်။

သက်ကြီးပြည်သူတွေအတွက် အရည်အသွေးမီ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေကို ထိခိုက်စေလျက်ရှိပါတယ်။

အရည်အသွေးမီ သူနာပြုဝန်ထမ်း အင်အားမလုံလောက်မှုက ထိုင်းနိုင်ငံရဲ့ ပြည်တွင်းလိုအပ်ချက် ဖြည့် ဆည်းဖို့ကို ထိခိုက်စေယုံသာမက မကြာသေးမီနှစ်တွေအတွင်း တစ်ဟုန်ထိုး ဖွံ့ဖြိုးလာခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေပါတယ်။

သူနာပြုတွေဟာ ပြည်ပနိုင်ငံတွေလိုမျိုး လစာပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ နိုင်ငံပိုင်ဆေးရုံတွေကို ပိုပြီး စွန့်ခွာလာကြပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ် သူနာပြု ၁၀၀၀၀ မွေးထုတ်ပေမယ့် လုပ်အားဝန်ပိမှုနဲ့ လစာငွေနည်းပါးမှုတို့ကြောင့် သူနာပြု ၇၀၀၀ ကျော်ဟာ နှစ်စဉ် နိုင်ငံပိုင်ဆေးရုံတွေကနေ အလုပ်ထွက်နေကြပါတယ်။ လုပ်ငန်းခွင် ပထမနှစ်မှာ ဘဲ သူနာပြု ၄၉ ရာခိုင်နှုန်းက အလုပ်ထွက်ကြတာကြောင့် အခြေအနေက ပိုဆိုးလာပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မှတ်ပုံတင်ထားတဲ့ သူနာပြုအရေအတွက်ဟာ ၁၈၄၄၀၀ ဉီးအထိ ကျဆင်းခဲ့လို့ အာ ဏာပိုင်တွေဟာ ၃၅ ရာခိုင်နှုန်းသော နိုင်ငံပိုင်ဆေးရုံတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာန ၃၈၀၀၀ ကျော် ကို ဗဟိုပြုပြီး ကျန်းမာရေးမူဝါဒ ရေးဆွဲပါက ဒီအချက်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တာကြောင့် သူနာပြုတွေရဲ့ အပတ်စဉ်လုပ်အားဝန်က တိုး လာခဲ့ပါတယ်။ သူနာပြုတစ်ဉီးရဲ့ သီတင်းပတ်တစ်ခု အလုပ်ချိန်ဟာ ၄၈ နာရီသာဖြစ်ရမှာဖြစ်ပေမယ့် နိုင်ငံပိုင် ဆေးရုံတွေမှာ အလုပ်ထွက်တဲ့ သူနာပြုတွေ ပိုတိုးလာတာကြောင့် သူတို့ရဲ့ သီတင်းပတ်အလုပ်ချိန်ဟာ နာရီ ၆၀ မှ နာရီ ၈၀ အထိ များလာခဲ့ပါတယ်။

လုပ်အားခနည်းပါးမှုက သူနာပြုတွေ အလုပ်ထွက်ရတဲ့ အဓိကပြဿနာဖြစ်ပါတယ်။ သူနာပြုတစ်ဉီးရဲ့ အခြေခံလစာက ဒေါ်လာ ၇၅၀ နဲ့ညီမျှတဲ့ ဘတ် ၂၆၀၀၀ ဖြစ်ပါတယ်။

နိုင်ငံပိုင်ဆေးရုံတွေမှာ အလုပ်လုပ်တဲ့ သူနာပြုတွေကို ၈ နာရီကြာ တာဝန်ချိန်အတွက် ဘတ် ၆၅၀ မှ ဘတ် ၈၀၀ (၁၉ ဒေါ်လာမှ ၂၃ ဒေါ်လာ) သာ ပေးနေချိန်မှာ ဗန်ကောက်မြို့တော်က ဆေးရုံကြီးတွေက သူနာပြု တွေဟာ အဆိုပါအလုပ်ချိန်အတွက် ဘတ် ၁၂၀၀ အထိ ရရှိနေကြပါတယ်။

ကိုးကား – Asia News
Ref; Thailand’s state-run hospitals hard hit by nurse shortages

#Ayeyarwaddy_Times