ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်
စစ်ကောင်စီတရားရုံးတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ပေးနေတဲ့ မြန်မာရှေ့နေတွေဟာ စစ်တပ်အာဏာပိုင်တွေရဲ့ အနှောင့်အယှက်ပေးမှုနဲ့ အကျဉ်းချမှုခံနေရတာကြောင့် အခုလိုခြိမ်းခြောက်မှုတွေက ရှေ့နေအများစုကို အမှုတွေ ပိတ်သိမ်းစေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
လွန်ခဲ့သော ၂ နှစ်ကျော်က အာဏာသိမ်းပြီး တိုင်းပြည်ကို ကစဉ့်ကလျားအခြေအနေ ဖြစ်စေခဲ့ပြီးနောက် ပိုင်း စစ်ကောင်စီဟာ အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းကာ ထောင်နဲ့ချီတဲ့ပြည်သူတွေကို ဖမ်းဆီးခဲ့ပါ တယ်။
တံခါးပိတ်တရားရုံးတွေရဲ့ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဟောင်း ဉီးဝင်းမြင့်တို့ အပါအဝင် အတိုက်အခံတွေကို ချုပ်ချယ်ဖို့ မြန်မာစစ်တပ်ဟာ တရားရုံးတွေကို အ သုံးချခဲ့တယ်လို့ HRW က ပြောပါတယ်။
နိုင်ငံရေးအမှုတွေကို တရားစွဲဆိုဖို့ စစ်ကောင်စီက ထူထောင်ထားတဲ့ အထူးတရားရုံးတွေမှာ အလုပ်လုပ် နေတဲ့ တရားခံရှေ့နေတွေဟာ အာဏာပိုင်တွေရဲ့ အကျပ်ကိုင်မှုနဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ရှေ့နေ ၁၉ ဉီးနဲ့ အင်တာဗျူးတာတွေကို အခြေခံတဲ့ အစီရင်ခံစာတစ်စောင်အတွင်း HRW က ပြောပါတယ်။
ရှေ့နေတွေဟာ အမှုကြားနာမှုတွေမတိုင်မီ ဖောက်သည်တွေနဲ့ သီးသန့် တွေ့ဆုံခွင့် ပိတ်ပင်ခံထားရပြီး ရှေ့နေအချို့က ရာနဲ့ချီတဲ့အမှုတွေ ကိုင်တွယ်ခဲ့ရတယ်လို့ HRW က ဆိုပါတယ်။
စစ်ကောင်စီအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ စောင့်ကြပ်မှုကို ကြုံတွေခဲ့ရတယ်လို့ ရှေ့နေ ၁၉ ဉီးစလုံး က HRW ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၂၃၀၀၀ ကျော်ကို စစ်ကောင်စီက ထိန်းသိမ်းခဲ့တယ်လို့ ပြည်တွင်း စောင့်ကြည့်ရေးအဖွဲတစ်ခုက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီတရားရုံးတစ်ခုက ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး သေဒဏ်ကျင့်သုံး မှုအဖြစ် အကြမ်းဖက်မှုစွပ်စွဲချက်နဲ့ ထင်ရှားသော တက်ကြွလှုပ်ရှားသူတစ်ဉီးနဲ့အတူ NLD လွှတ်တော်အမတ် ဟောင်းတစ်ဉီးကို ကြိုးပေးကွက်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ကိုးကား – AFP
Ref; Myanmar lawyers face harassment, intimidation in junta courts