ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

ယူကရိန်းနိုင်ငံက ရုရှားကို တန်ပြန်ထိုးစစ်ဆင်ဖို့ လက်နက်ခဲယမ်း အလုံအလောက်ရှိတယ်လို့ ယူကရိန်း ထိပ်တန်းသံတမန်တစ်ဉီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီ ဒီမီထရိုကူလီဘာက ဇွန်လ ၅ ရက်က ကိယက်ဗ်မြို့တော်မှာ ရိုက်တာသ တင်းဌာနကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်မှာ ပြောကြားခဲ့သလို တန်ပြန်ထိုးစစ်ဆင်ရင် ကြေညာမှာမ ဟုတ်ဖူးလို့ သူက ဆိုပါတယ်။

တန်ပြန်ထိုးစစ်ဆင်ဖို့ လက်နက်ခဲယမ်း အလုံအလောက်ရှိပေမယ့် လိုအပ်သလို စစ်လက်နက်ထောက်ပံ့မှု ဆက်လက်ပြုလုပ်နိုင်ခြင်း ရှိ မရှိက ထည့်သွင်းစဉ်းစားရမယ့်အချက်လို့ ဒီမီထရိုကူလီဘာက ပြောပါတယ်။

“ကျွန်တော်တို့ စစ်မြေပြင်မှာ အောင်ပွဲပိုရလေ သေချာတဲ့ဆုံးဖြတ်ချက်ရရှိဖို့ လွယ်ကူလေဖြစ်ပါတယ်” လို့ ယူကရိန်းနိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုနဲ့ပတ်သက်လို့ ကူလီဘာက ဆိုပါတယ်။

ယူကရိန်းက မကြာမီ တန်ပြန်ထိုးစစ်ဆင်မှု စတင်ကာ ရုရှားထံ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်း ပိုက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံက ရုရှားသို့ တိုက်ခိုက်ရေးဒရုန်းတွေသာမက ခဲယမ်းမီးကျောက်တွေလည်း ထောက်ပံ့ခဲ့ဖွယ်ရှိ တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။

ယူကရိန်းမှာ အသုံးပြုဖို့ ခဲယမ်းမီးကျောက်တွေ အပါအဝင် ဘယ်လိုစစ်လက်နက်မျိုးမှ ရုရှားနိုင်ငံသို့ ထောက်ပံ့ပေးခဲ့တာမရှိဘူးလို့ အီရန်အစိုးရက အဆက်မပြတ် ငြင်းဆန်ခဲ့ပါတယ်။

Ref; Ukraine has enough weapons to begin counteroffensive, FM Kuleba says

#Ayeyarwaddy_Times