ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လအတွင်း ဆိုက်ကယ်ပျောက်ဆုံးမှုတွေ ပိုများလာတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ညပိုင်း မီးမလာတဲ့အချိန်တွေ စစ်ကောင်စီတပ်တွေက ရပ်ကွက်တွေကို လိုက်ပတ်တာမျိုးတွေရှိပေမယ့် အဲ့အချိန်နောက်ပိုင်းမှာ ခိုးယူသူတွေက အုပ်စုဖွဲ့ပြီး နေအိမ်တွေကို ဝင်ခိုးတာမျိုးတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဖြစ်တဲ့အချိန်တွေက အဲ့ကောင်တွေပြန်သွားပြီး နာရီဝက်လောက်မှ အခိုးခံရတာများတယ်၊ မီးပြတ်ချိန်ကိုစောင့်ပြီး ခိုးနေတာ၊ အုပ်စုဖွဲ့ခိုးတာတွေ ပိုများလာတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဆိုင်ကယ်ခိုးယူမှုတွေပိုများလာတာကြောင့် ပုသိမ်မြို့မှာ တစ်ပတ်အတွင် ဆိုင်ကယ်အစီးရေ ၂၀ နီးပါး ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

ခိုးယူသူတွေအနေနဲ့ ဆိုင်ကယ်ခိုးယူတဲ့အခါမှာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေကို အဓိက ခိုးယူလေ့ရှိပြီး အများအားဖြင့် ကလစ်ဘီးနဲ့ PCX ဘီးတွေ အခိုးခံ ရတာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ညီမတို့ဆိုရင် အပေါ်ထပ်ကကြည့်တာ အကုန်မြင်နေရတယ်၊ တခြားအိမ်ကိုဝင်ခိုးနေတာကို။ ဒါပေမယ့် မအော်ရင်ဘူး လူအုပ်စုလိုက်ဝင်ခိုးတာဆိုတော့ ရန်ပြန်လုပ်မှာကြောက်လို့ ငြိမ်နေရတယ်”လို့ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခိုးယူသူအများစုဟာ လူငယ်ပိုင်းတွေဖြစ်ပြီး စစ်ကောင်စီတပ်ကသူတွေဖြစ်နိုင်သလို ပေါင်းပြီး ခိုးယူနေတာမျိုးတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်း မရှိသေးပါဘူး။

#ပုသိမ်မြို့ #ဆိုင်ကယ်ခိုးမှု #စစ်ကောင်စီတပ် #Ayeyarwaddy_Times