နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)ဇွန်လ ၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ညောင်ပင်ကြီး ကျေးရွာ ဘက်သို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုး ဝင်ရောက် လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီခန့်က မုံရွာမြို့ အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာဘက်သို့ သင်္ဘောများ ၊ ဇာတ်များဖြင့် ကူးကာ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
“
တော်လှန်ရေး အင်အားစုတွေက အသိပေးလို့ လွတ်ရာတွေကိုပြေးနေကြပြီ။ စစ်တပ်အင်အားတော့ များတယ်လို့ပြောတယ်” ဟု အသက်၄၀အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဆားလင်းကြီးမြို့နယ် နှင့် ယင်းမာပင်မြို့နယ်များတွင် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၊ PDF တပ်ဖွဲ့ဝင်များသည် ဇွန်လ ပထမပတ် ကတည်းကစတင်၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်များ အထိနာနေပြီး ယခုကဲ့သို့ အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း တော်လှန်အင်အားစုများက ဆိုသည်။
“ညောင်ပင်ကြီးကျေးရွာမှာက စစ်ကောင်စီတပ်စခန်းချထားတဲ့ ညောင်ပင်ကြီး ရဲစခန်း ရှိတယ်။ မနေ့က(ဇွန်၃ရက်)တော့ စစ်ကောင်စီတပ်က ညောင်ပင်ကြီး ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ကို မုံရွာမြို့က စစ်ကြေားရေး စခန်းမှာ စစ်ဆေးဖို့ဆိုပြီး လာခေါ်သွားတယ်။ ဒီနေ့ကြတော့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေဘက်ကူးလာတာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဓာတ်ပုံ-ပေးပို့
#မုံရွာမြို့ #စစ်ကောင်စီတပ် #ညောင်ပင်ကြီးကျေးရွာ #စစ်ကြောင်းထိုး #ဒေသခံများတိမ်းရှောင် #Ayeyarwaddy_Times