ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီသစ်ကို ဒီသီတင်းပတ်အတွင်း ကြေညာ မယ်လို့ မျှော်မှန်းရပြီး ဒရုန်းတွေမှာတပ်ဆင်မယ့် ခဲယမ်းလက်နက်တေွ ပါဝင်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
မော်စကိုမြို့တော်အား မကြာသေးမီက တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အမေရိကန်နိုင်ငံလုပ် ဒရုန်းတွေ၊ ခဲယမ်း လက်နက်တွေ အသုံးပြုခဲ့ခြင်းမရှိသလို ရုရှားမြေပေါ်မှာ တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အမေရိကန်နိုင်ငံက ထောက်ပံ့ပေး ထားတဲ့ လက်နက်တွေကို အသုံးမပြုဖို့ ယူကရိန်းနိုင်ငံက သဘောတူခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါ တယ်။
မော်စကိုမြို့တော်အား မနေ့က ဒရုန်းတွေနဲ့ တိုက်ခိုက်တာဟာ ယူကရိန်းနိုင်ငံရဲ့လက်ချက်လို့ ရုရှားသမ္မတရုံး က ပြစ်တင်ခဲ့ပေမယ့် ယူကရိန်း တာဝန်ရှိသူတွေက မှတ်ချက်ပေးခြင်းမရှိပါဘူး။
ယူကရိန်းစစ်ပွဲ အမြင့်ဆုံးအဆင့် ရောက်ရှိနေချိန်မှာ အမေရိကန်နိုင်ငံက အကူအညီသစ်ပေးအပ်ဖို့ ပြောကြား လာတာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံဟာ နွေဉီ တန်ပြန်ထိုးစစ်ဆင်မှုတစ်ရပ်စတင်ဖို့ ပြင်ဆင်နေပါတယ်။
မော်စကိုမြို့တော်မှာ ဒရုန်း ၅ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး တိုက် ခိုက်မှုဟာ ယူကရိန်းနိုင်ငံရဲ့ အကြမ်းဖက်မှုအပြုအမူတစ်ရပ်လို့ သမ္မတ ဗလာဒီမာပူတင်က ဆိုပါတယ်။
ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်နေတဲ့ စစ်ရေးအကူအညီကို ထိခိုက်စေ မှာမဟုတ်ဖူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကို ကာကွယ်နေတဲ့ ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားသလို ရုရှားနိုင်ငံတွင်း တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အမေရိကန်လုပ် စစ်လက်နက်တွေ အသုံးမပြုဖို့ ယူကရိန်းနိုင်ငံက ကတိ ပြုခဲ့တာကြောင့် စစ်ရေးအကူအညီပေးအပ်မှုက အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီသစ်မှာ ပက်ထရီးယော့ဒုံးကျည်နဲ့ HIMARS ဒုံး ကျည်အတွက် ခဲယမ်းလက်နက်တွေ၊ စတင်းဂျားဒုံးကျည်တွေ၊ မိုင်းရှင်းကိရိယာတွေ၊ သံချပ်ကာဖျက်ကျည်တွေ၊ လေ ယာဉ်ဖျက်ဒုံးတွေ၊ ညကြည့်ကိရိယာတွေနဲ့ ကျည်ဆံအတောင့်ရေ သန်း ၃၀ ခန့် ပါဝင်မယ်လို့ အမေရိကန် တာဝန်ရှိသူ တွေက ပြောပါတယ်။
ကိုးကား – Military Times
Ref; New US aid package for Ukraine will total about $300 million