ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
ဒီသီတင်းပတ်အတွင်း စင်ကာပူမှာပြုလုပ်မယ့် လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးချင်း တွေ့ဆုံဖို့ အမေရိကန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်တစ်ရပ်ကို တရုတ်နိုင်ငံက ငြင်းဆန်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါ တယ်။
“အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူတို့ကြား စင်ကာ ပူမှာ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံရဲ့ ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်” လို့ ပင်တဂွန်က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
လွိုက်အော်စတင်နဲ့ မတ်လအတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ လီရှန်ဖူတို့ကြား ဆွေးနွေးမှု တွေ ဆက်လက်ပြုလုပ်ဖို့ ဆွေးနွေးခဲ့တာတွေရှိတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြီးခဲ့တဲ့အပတ် အတွင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံးနှစ်နိုင်ငံကြား အဖုအထစ်များစွာ ဖြစ်စေခဲ့တဲ့ ဒေသတွင်း လုံခြုံရေးတင်း မာမှုတွေနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံ ကာကွယ်ရေးအကြီးအကဲတွေကြား တွေ့ဆုံဆွေးနွေးမှုကို တစ်ကမ္ဘာလုံးက အနီးကပ် စောင့်ကြည့်နေကြပါတယ်။
လပေါင်းများစွာအတွင်း နှစ်နိုင်ငံ အစိုးအရအဆင့် ပထမဆုံးသော တွေ့ဆုံမှုဖြစ်တဲ့ အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုနဲ့ တရုတ်ဝန်ကြီး ဝမ်ဝမ်တောင်တို့ ပြီးခဲ့တဲ့အပတ်အတွင်း ကုန်သွယ်မှု၊ ရင်း နှီးမြှပ်နှံမှုနဲ့ ပို့ကုန်မူဝါဒတွေကို ဆွေးနွေးခဲ့ကြပါတယ်။
“အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေ မြင့်တက်နေချိန် လီရှန်ဖူရဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ဆုံဖို့ငြင်းဆန်မှုက ဒေသတွင်းမှာ တင်းမာမှုတွေပိုဖြစ်စေပါတယ်” လို့ စင်ကာပူအခြေစိုက် လုံခြုံ ရေးဆိုင်ရာ ဆန်းစစ်လေ့လာသူ အိုင်ယန်စတိုရေးက ပြောပါတယ်။
လာမယ့် သောကြာနေ့မှာစတင်မယ့် ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ လွိုက်အော်စတင်နဲ့ လီရှန်ဖူတို့ ဟာ စင်ကာပူမှာ ရှိနေမှာဖြစ်ပါတယ်။
လီရှန်ဖူဟာ သမ္မတ ရှီကျင့်ဖျင်ဉီးဆောင်တဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ် ခုဖြစ်တဲ့ ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဉီးဖြစ်ပါတယ်။
ကိုးကား – CNA
Ref; China declines US request for defence chiefs to meet in Singapore