ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်

ယူကရိန်းနိုင်ငံရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို တားဆီးနိုင်ဖို့ ရုရှားတပ်ဖွဲ့တွေက ၎င်းတို့ထိန်းချုပ်ထားတဲ့ နျူ ကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုကို တိုက်ခိုက်ကာ ယူကရိန်းနိုင်ငံအပေါ် အပြစ်ဖို့လိမ့်မယ်လို့ ယူကရိန်း စစ် ထောက်လှမ်းရေးတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရီဇီယာ နျူဓာတ်အားပေးစက်ရုံဝင်းကို တိုက်ခိုက်ဖို့ ရုရှားတပ်ဖွဲ့တွေပြင်ဆင်နေတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ နျူဓာတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာ ၁၄ လကျော်ကြာပြီဖြစ်ပါတယ်။

တိုက်ခိုက်မယ့် ရည်ရွယ်ချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဟာ
အဆိုပါဓာတ်အားပေးစက်ရုံက ရေဒီယို သတ္ထုကြွပစ္စည်းတွေ ယိုစိမ့်မှုရှိ မရှိ ဆုံးဖြတ်ဖို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး ဖန်တီးဖို့ဖြစ် တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေကပြောပါတယ်။

ယူကရိန်း အာဏာပိုင်တွေက အသေးစိတ် အထောက်အထားတွေ
မပြောပေမယ့် ရုရှားတပ်ဖွဲ့တွေက ပြန် လည်စုဖွဲ့ဖို့နဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ယူကရိန်းနယ်စပ်တစ်လျောက် စစ်ရေးခြိမ်းခြောက်မှုတွေ
တိုးလာခဲ့တယ်လို့ ရုရှား ဖက်ဒရယ်လုံခြုံရေးဌာ နမှ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက ရန်စမှုတွေ၊ အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။ ပြီး ခဲ့တဲ့နှစ်ဖေဖော်ဝါရီလနောက်ပိုင်း သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှု အကြိမ်ရေ ၂၀၀၀ ကျော် ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံက Taurus ဝေဟင်ခွင်း ခရုဇ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ အကူအညီတောင်းခံခဲ့တယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကပြောကြားခဲ့ပါတယ်။

အဆိုပါဒုံးကျည်အမျိုးအစားဟာ ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့
Storm Shadow ခ ရုဇ်ဒုံးကျည် ရောက်ရှိနိုင်တဲ့အကွာအဝေးထက် နှစ်ဆခန့် ပိုရောက်ရှိနိုင် ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ Taurus ဝေဟင်ခွင်း ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချက်ကို ဂျာမနီအစိုး ရက သဘောတူ မတူကိုတော့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်မပြောကြားခဲ့ပါဘူး။

ကိုးကား- NHK
Ref; Ukraine fears Russia may carry out attack at Zaporizhzhia nuclear plant

#Ayeyarwaddy_Times