ဧရာဝတီတိုင်းမ်
(ရေး)၊ မေလ ၂၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာနှင့် ကံလှကျေးရွာအနီးရှိ ခလရ ၅၈၃ တပ်ရင်းအား မေလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် Ye Guerrilla Forceနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခလရ ၅၈၃ တပ်ရင်းအား ၁၇၀မမ ရှော့တိုက်ဒုံးအပြင် တိုက်ခိုက်ရေးဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းအတွင်းမှ အဆောက်အအုံများ ပျက်စီးမီးလောင်မှုများရှိခဲ့ပြီး ထိုခိုက်သေဆုံးမှုများလည်း ရှိနိုင်ကြောင်း YGFမှ ထုတ်ပြန်ထားသည်။

“အဓိကကျွန်တော်တို့ ပူပေါင်းတပ်ဖွဲ့တွေဘက်ကရန်သူတည်ရှိရာခလရ (၅၈၃) တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီတော့ ထိခိုက်မှုတွေရှိပေမဲ့သတင်းဖုံးထားတော့ သေချာမသိရပါဘူး။ ရန်သူဘက်ကနေပြီး လက်နက်ငယ်တွေနဲ့ ဒရုန်းကိုလည်း ပစ်ခတ်မှုတွေရှိခဲ့တယ် ။” ဟု YGF ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းကို ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ခလရ ၅၈၃ တပ်ရင်းနှင့် ခလရ ၅၉၁ တပ်ရင်းတို့မှ တော်လှန်ရတပ်ဖွဲ့ဝင်များရှိရာသို့ ၆၀မမ၊ ၈၁မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းများအား လက်နက်ငယ်များဖြင့် အတွဲလိုက် ပစ်ချခြင်းများ ပြုလုပ်သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအား Ye Guerrilla Force၊ Ye Defense Force၊ Ye Special Tasks Force မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ရေးမြို့နယ်တွင် မေလ ၁၉ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ နှစ်ရက်တာကာဘအတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်ကြောင်း အဆိုပါတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

ဓာတ်ပုံ – Ye Guerrilla Force။
#ရေး #ခလရ၅၈၃ #YGF #YDF #YSTF #ရှော့တိုက်ဒုံး #ဒရုန်း #ပစ်ခတ် #Ayeyarwaddy_Times