ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ဧရာဝတီတိုင်း ဘိုကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုထံမှခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။
ဘိုကလေးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံပြီး အမည်မသိလူတစ်စုက စက်ဆန်းကျေးရွာနေပြည်သူတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်အလှူခံမှုဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ခြိမ်းခြောက်အလှူခံမှုများ လုပ်ဆောင်နေသည့် ဖုန်းနံပါတ်အားဆက်သွယ်ခဲ့သော်လည်း ဖုန်းအဝင် ပိတ်ထားပြီးအဆက်အသွယ်မရရှိခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ရပ်မှာ ဘိုကလေးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ပြည်သူလူထုကိုဖိနှိပ်၊ အနိုင်ကျင့်လျှက်ရှိသော စစ်ကောင်စီနှင့်ဒေါက်တိုင်များကို ပစ်မှတ်ထာတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် လှူဒါန်းမည် ဆိုပါကလဲ People’s Defense Force Bogale Page သို့ ယုံကြည်စိတ်ချစွာဖြင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် မေတ္တာရပ်ခံထားသည်။