ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၄ ရက်

မတူပီ-ဟားခါးလမ်းဘက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက စစ်ဆင်ရေးအတွက် မေလ ၂၃ ရက်နေ့တွင် မိုင်းကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဥ် မတော်တဆပေါက်ကွဲခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ရဲဘော်တစ်ဦးကျဆုံးသွားကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက ထုတ်ပြန်သည်။

မတော်တဆမိုင်းပေါက်ကွဲမှုကြောင့် ဦးခေါင်းနှင့် လက်နှစ်ဖက်တို့တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းရရှိခဲ့သော ဒဏ်ရာဖြင့် ၂၃ရက်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျဆုံးသွားကြောင်းရဲဘော်များ၏ ပြောဆိုချက်အရသည်။

“တပ်ရင်း-၂ ဘက်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာမယ်လို့ သတင်းကြိုရထားတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အချိန်မှာ မတော်တဆမိုင်းပေါက်ကွဲသွားပြီး မိုင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးသွားပါတယ်” ဟု CDF-မတူပီမိုင်းတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီသည် ဒဏ်ရာရရှိသော ရဲဘော်များနှင့် ဖျားနာသူများကို ကုသပေးမည့် ဆေးဆရာ၊ ဆရာမများလိုအပ်နေပြီး တပ်ရင်းတွင် တာဝန်ထမ်းဆောင်မည့် ဆေးပညာ ကျွမ်းကျင်သူများကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။

မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ ရဲဘော် နှစ်ဦးကျဆုံးသွားပြီဖြစ်ကြောင်းသိရပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးကျော်နေပြီဟု သိရသည်။

#ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #စစ်ဆင်ရေး #ကြိုတင်ပြင်ဆင်မှုပြုလုပ် #မိုင်းမတော်တဆပေါက်ကွဲ #ရဲဘော်တစ်ဦးကျဆုံး
ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီရဲဘော်များ
#စစ်ဆင်ရေး #ပြင်ဆင်မှုပြုလုပ်နေစဥ် #ပေါက်ကွဲမှုကြောင့် #ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီမှ #တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး
#Ayeyarwaddy_Times