နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/မေလ၂၄ ရက်
ကရင်ပြည်နယ် မူတြော်ခရိုင် ရှိ ဖိုခဲဃာကျေးရွာအား မေလ ၁၉ရက်နေ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့သဖြင့် အဆိုပါပစ်ခက်မှုပြုလုပ်ခဲ့သည့် BGF စခန်းအား တော်လှန်ရေး အင်အားစုများ က သွားရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ပြည်သူများကို နေ့စဥ်ဆိုသလို ခြိမ်းခြောက်ပစ်ခတ်နေသည့် နယ်ခြားစောင့် BGF စခန်းကို ကရင့်အမျိုးသားတပ်မတော် (KNLA) တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး BGF ဘက်က ငါးဦး သေဆုံးခဲ့သည်ဟု မူထြော်ခရိုင် KNU သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မူထြော်ခရိုင်အတွင်း နယ်ခြာစောင့် BGF တပ်များ နှင့် (KNLA) တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း တပ်ခွဲများသည် နေ့စဥ်ဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကထဲတိနဲ့ထီးကဆောမဲကြား စခန်းချထားသည့် BGF တပ်စခန်းကို မေလ ၂၀ရက်နေ့ ညနေသုံးနာရီခွဲခန့်က KNLA တပ်ရင်း ၁၀၂ မှ သွားရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဘက်မှ တပ်ခွဲမှုးအဆင့် စောဘာယိုအပါဝင် ငါးဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင် သတင်းရင်း တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
မူထြော်ခရိုင်ရှိ ကျေးရွာများကို မေလ ၁၉ ရက်နေ့ ညကတည်းကပင် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၃ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒေသတွင် စစ်ကောင်စီတပ် ၊ BGF ပူးပေါင်းအဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား မေလ ပထမအပတ်ကတည်းက မကြာခဏထိတွေ့ တိုက်ပွဲများဖြစ်ပွါးနေခဲ့ခြင်းလည်း ဖြစ်သည်။
#ဖိုဃဲထာကျေးရွာသားနှစ်ဦးသေဆုံးမှု #လက်နက်ကြီးနှင့်ပစ်ခက် #နယ်ခြားစောင့်စခန်း #တော်လှန်ရေးအဖွဲ့များတိုက်ခိုက် #Ayeyarwaddy_Times