
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီနဲ့ Rosatom State Corporation တို့ကြား နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ မော်စကိုမြို့တော်မှာ Rosatom State Corporation ညွှန်ကြားရေးမှူးချုပ် အဲ လက်ဇီလီကာချက်ဗ်နဲ့ တွေ့ဆုံခဲ့ပြီး နျူကလီးယားစွမ်းအင် အသုံးပြုပြီး သိပ္ပံသုတေသန၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း မင်းအောင်လှိုင်က ရုရှား နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း Roscosmos အကြီးအကဲ ဒီမီထရီရိုဂိုဇင်နဲ့လည်း တွေ့ဆုံခဲ့ပြီး သိပ္ပံနဲ့နည်းပညာဖွ့ံဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေး ခဲ့ပါတယ်။
ရုရှား အကြီးတန်း ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ရုရှားနိုင်ငံနဲ့ စစ်ဘက် ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ မင်းအောင်လှိုင်က ကတိပြုခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒေသဆိုင်ရာ အစည်းအဝေးတစ်ခု တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ပြီး တစ်ပတ်အကြာမှာ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် ဖြစ်လာခဲ့တာပါ။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂၁၀၀ နီးပါးကို သတ်ဖြတ်ကာ ၁၄၅၄၉ ဦးကို ဖမ်း ဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုးကား – Bloomberg
Ref; Myanmar and Russia Ink Pact on Nuclear Energy Cooperation