ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၃ ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာက စစ်ကောင်စီသတင်းပေး ဦးမောင်ဝင်း ဒီကနေ့မနက် ပိုင်းစောစောကပစ်ခတ်ရှင်းလင်းခံရပြီးသေဆုံးသွားခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၃ ရက် မနက် ၅ နာရီခန့်အချိန်က စစ်ကောင်စီသတင်းပေး အသက် ၅၀ ဝန်းကျင်ခန့်ရှိသူ ဦးမောင်ဝင်းကို သဘော့ဆိပ် စျေးအတွင်း သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးမောင်ဝင်းသည် စစ်ကောင်စီသတင်းပေးဟုနာမည်ကျော်ကြားသူ ဦးလေးလေး၏ တပည့်ဖြစ်ပြီး ရပ်ရွာထဲတွင် အလွန်ဆိုးသွမ်းသူတစ်ဦးဖြစ်ကြောင်းလည်း ကရင်ကြီးရွာက ဒေသခံများကပြောပါတယ်။

လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်စခန်း စီးနင်းသိမ်းပိုက်ခံရစဥ်က စစ်ကောင်စီသတင်းပေး ဦးမောင်ဝင်းမှ သတင်းပေးတိုင်ကြားခဲ့မှုကြောင့် ယခုလို ရှင်းလင်းသုတ်သင်ခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီသတင်းပေး ဦးမောင်ဝင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့် DGRF ပူးပေါင်းအဖွဲ့တို့မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။