ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့
အ၀င် အမှတ်၁၂ရပ်ကွက် ရှိ တပင်ရွှေထီးလမ်းမကြီးကို NLDအစိုးရနှင့် ပြည်သူများစုပေါင်း ကာလမ်းခင်းခဲ့ပြီး အမှတ်တရ စိုက်ထူထားသည့် ကမ္ဗည်းကျောက်စာကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အဆင့်ရှိသူများက မေလတတိယ ပတ်အတွင်း တွင် ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံက သိရသည်။
“အရင်NLDအစိုးရက ငွေချပေးပြီး ပြည်သူတွေ ထည့်၀င်ငွေနဲ့ ပူးပေါင်းပြီး ကွန်ကရစ်လမ်းမကြီးဖြစ်လာတာ အဲ့အထိမ်းအမှတ် ကျောက်စာ လေးကို မမြင်ခြင်ဘူး ဖြိုဖျက်ပစ်တာ တော်တော်အောက်တန်းကျတဲ့ သူတွေပဲ တစ်မြို့လုံးကစိတ်မကောင်းဖြစ်နေကြတယ် စစ်ကောင်စီက မြို့တိုးတက်အောင်ကြမလုပ်ပဲနဲ့အရင်အစိုးရလက်ထက်ကလုပ်ခဲ့တာတွေကို အငြိုးအတေးနဲ့ဖျက်စီးနေတာ” ဟု မြို့ခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။
အဆိုပါ ကမ္ဗည်းကျောက်စာကို စစ်ကေင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဗိုလ်မှူးမင်းလွင်နှင့် ဗိုလ်ကြိီးစိုးသူတို့ဦးဆောင်ဖျက်စီးခဲ့ခြင်း ဖြစ်ကြောင်း လို့ မော်လမြိုင်ကျွန်းမြိုခံများက ပြောသည်။
တပင်ရွှေထီးလမ်းမကြီးကို NLDအစိုးရ
လက်ထက် ဧရာ၀တီတိုင်းအစိုးရအဖွဲ့က
လမ်းအတွက် ငွေကျပ်သိန်း၆၀၀ချပေးခဲ့ပြီး မြို့ခံပြည်သူများကထည့်၀င်ငွေ
သိန်း ၃၀၀၀ ကျော်စုပေါင်းထည့်ဝင်ကာအကျယ်၂၄ ပေကွန်ကရစ်လမ်းမကြီးအဖြစ် လမ်းခင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းမကြီးအားNLDအစိုးရလက်ထက်၂၀၁၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးလမ်းဖြစ်မြောက်ရေးကော်မတီမှလမ်းပြီးမြောက်မှုအောင်ပွဲအထိမ်းအမှတ်အဖြစ် ကမ္ဗည်းကျောက်စာတိုင်စိုက်ထူခဲ့ခြင်းကို ယခုကဲ့သို့ စစ်ကောင်စီက ယခုကဲ့သို့ ဖျက်ဆီးခြင်းဖြစ်သည်။
ကမ္ဗည်းကျောက်စာတိုင် ဖျက်ဆီးမှုနှင့် ပတ်သတ်ပြီး ကြားလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မော်လမြိုင်ကျွန်းမြို့နယ် (ပအဖ)က NUG အစိုးရထံကို တင်ပြထားကြောင်း သိရသည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြည်သူ့ဘဏ္ဍာများဖြင့်တည်ဆောက်ပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ပံပိုးကူညီဟုဆိုကာ ကဗ္ဗည်းထိုးထားသည့် ကျောက်စာများမှာ မြန်မာနိုင်ငံ အနှံတွင် တွေ့မြင်နေရသည်။
ဓာတ်ပုံ-ကဗ္ဗည်းကျောက်စာတိုင်ဖြိုချပုံ
#မော်ကျွန်းမှာNLDအစိုးကဖွင့်လှစ်ခဲ့တဲ့ #တပင်ရွှေထိီးလမ်းမကြီး #ကမ္ဗည်းကျောက်စာကိုစစ်ကောင်စီကဖြိုချ #Ayeyarwaddy_Times