ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံဝန်ဆောင်မှုပေးတာ ရပ်တန့်ဖို့ကတိကဝတ် ပျက်ကွက်ခဲ့ တဲ့ ဗြိတိန်ကုမ္ပဏီ ၅ ခုကို Burma Campaign UK က အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံဝန်ဆောင်မှုပေးနေတဲ့ ဗြိတိန်ကုမ္ပဏီတွေကတော့ UK P & I, Steamship Mutual, Britannia P & I, North Standard နဲ့ Shipowners’ Club တို့ဖြစ်ပါတယ်။

ဗြိတိန်ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုမှာပါဝင်တဲ့ အခန်းကဏ္ဍကို “Deadly Cargo” လို့ အမည်ပေးထားတဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ အစီရင်ခံစာက ဖော်ထုတ်ခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊
ဆေးရုံတွေအပေါ် ရမ်းသမ်းပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ အာမခံဝန်ဆောင်မှုပေးတာ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုမှာ အ ရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ် ဖာမန်နာက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်တပ်ဟာ တိုင်းပြည်ကို ထိန်း ချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုခဲ့ပါတယ်။

မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့ရာမှာ ပါဝင်မှုမရှိဖို့
ဗြိတိန်အစိုးရက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဗြိတိန်ကုမ္ပဏီတွေအတွက် လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပေမယ့် ကုမ္ပဏီတွေက လမ်းညွှန်ချက်ကို လျစ်လျူရှုနေပါ တယ်။

“မြန်မာစစ်တပ်ထံ ရောက်ရှိသွားတဲ့ လေယာဉ်ဆီတွေကို
အရပ်သားတွေကို သတ်ဖြတ်ရာမှာ အသုံးပြု တယ်ဆိုတာ ဗြိတိန်ကုမ္ပဏီတွေက သိရှိပေမယ့် လေယာဉ်ဆီတင်ပို့မှုမှာ အာမခံဝန်ဆောင်မှုပေးတာ မလုပ်ဖို့ လမ်းညွှန်ချက်ကိုတော့ မလိုက်နာပါဘူး” လို့ မတ်ခ်ဖာမန်နာက ပြောပါတယ်။

ကိုးကား- Burma Campaign UK
Ref; Five British Insurers Added to ‘Dirty List’ for Aviation Fuel Deliveries
to Burma