ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်

သမ္မတ ဗလာဒီမာပူတင်အတွက် ဖမ်းဝရမ်းတစ်ရပ် ထုတ်ပြန်မှုမှာပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC) ရှေ့နေ့နဲ့ တရားသူကြီးကို ရုရှား ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးမှူးတွေက စွဲချက်တင်လိုက်တယ်လို့ သိရ ပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး သမ္မတ ပူတင်နဲ့ အခြား ရုရှား တာဝန်ရှိသူတွေအတွက် ICC က မတ်လအတွင်း ဖမ်းဝရမ်းတွေ ထုတ်ခဲ့ပါတယ်။

သမ္မတ ပူတင်နဲ့ ရုရှား တာဝန်ရှိသူတွေဟာ သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေမှ ကလေးတွေကို ရုရှားနိုင် ငံသို့ တရားမဝင် ပို့ဆောင်ခဲ့တယ်လို့ ICC က စွပ်စွဲခဲ့ပါတယ်။

လက်တုံ့ပြန်မှုအဖြစ် ICC ရှေ့နေ ကာရင်ခန်းနဲ့ တရားသူကြီးသုံးဉီးကို ရာဇဝတ်မှုတစ်ခု ဖွင့်ခဲ့တယ်လို့ ရု ရှား စုံစမ်းစစ်ဆေးရေးကော်မတီကကြေညာခဲ့ပါတယ်။

ICC ရှေ့နေ ကာရင်ခန်းနဲ့ ရှေ့နေ အိုင်တာလာတို့ကို မျက်ကွယ်မှာ တရားစွဲဆိုခဲ့ပြီး ICC ရဲ့လုပ်ရပ်တွေက တရားမဝင်ဘူးလို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကာရင်ခန်းနဲ့ အိုင်တာလာတို့ကို အလိုရှိစာရင်းမှာ ထည့်သွင်းခဲ့ပြီး အခြား တရားသူကြီးနှစ်ဉီးကို စုံစမ်း စစ်ဆေးနေဆဲလို့လည်းရုရှား စုံစမ်းစစ်ဆေးရေးကော်မတီကဆိုပါတယ်။

ကိုးကား- NHK
Ref; Russia indicts ICC prosecutor, judge for issuing arrest warrant against Putin

#Ayeyarwaddy_Times