ဧရာဝတီတိုင်းမ်
မေလ ၂၂ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ် ရဲတပ်ဖွဲ့ဝင်တွေက မေလ ၁၉ ရက်နေ့ကစတင်ပြီး လုံခြုံရေးယူပေးနေရတယ် လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးယူပေးနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတွေဟာ PDF လာမှာကို ကြောက်နေကြသလို လုံခြုံရေးယူပေးနေရတာကို ကျေနပ်မှုမရှိကြဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

“တစ်နေ့ကို နှစ်ကြိမ်လောက် လုံခြုံရေးယူပေးနေကြရတာ။ အဓ်ိက စစ်တပ်သတင်းပေး အုပ်ချုပ်ရေးမှူး တွေ အရမ်းကြောက်နေကြတယ်၊ ဒါ့ကြောင့် အစည်းအဝေးခေါ်ယူပြီး လုံခြုံရေးပေးရတာ။ သူတို့ စစ်ကောင်စီအချင်းချင်းလဲ ဒီတာဝန်ပေးလို့ မကျေနပ်ကြဘူးလို့” လေးမျက်နှာ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

လေးမျက်နှာမြို့နယ် စစ်တပ်သတင်းပေး ကတက်ကုန်းအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်ကိုတော့ ခရီးသွားလာချင်းမပြုဖို့ စစ်ကောင်စီတပ်တွေက သတိပေးထားတယ် လို့ လေးမျက်နှာ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒါ့ပြင် မေလ ၁၀ ရက်နေ့ကလည်း လေးမျက်နှာမှာ ဟင်္သာတမြို့က ကိုညိမ်းချမ်းထွေး ဖမ်းဆီးခံရမှုမှာလည်း ကတက်ကုန်းအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ဆန်းမြင့် ရဲ့ သတင်းပေးမှု​ကြောင့် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

#လေးမျက်နှာ #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူတွေကို #လုံခြုံရေးယူပေး #စစ်ကောင်စီတပ်သားတွေ #PDFလာမှာကိုကြောက်နေ #Ayeyarwaddy_Times