ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်

ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် မြန်မာနိုင်ငံသို့ အာဆီယံအဖွဲ့ရဲ့ ပထမဆုံး အရေးပေါ် တုံ့ပြန်ရေးအ ကူအညီကို ဒီကနေ့မှာ အထူးလေယာဉ်နဲ့ ပေးပို့မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံသို့ပေးပို့မယ့် အကူအညီကို ပြင်ဆင်ပြီးဖြစ်ကာ မလေးရှားနဲ့ ထိုင်းနိုင်ငံရှိ အာဆီယံအဖွဲ့ရဲ့ ဂို ဒေါင်တွေမှာ ထားရှိတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“နောက်လာမယ့် အကူအညီတွေကို အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံမှ စစ်လေယာဉ်တွေနဲ့ မေလ ၂၂ ရက် သို့မဟုတ် ၂၃ ရက်မှာ ပေးပို့မယ်” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လေယာဉ်တွေ အသုံးပြုပြီး အကူအညီပေးပို့ဖို့ ညှိနှိုင်းဆောင်ရွက်မှုကို လူသားချင်းစာနာမှု အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အာဆီယံ စစ်ဘက်အဖွဲ့မှတစ်ဆင့် ပြု လုပ်နေပါတယ်။

မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေကို အခုလို အကူအညီပေးအပ်တာဟာ အာဆီယံဥက္ကဌ အင်ဒိုနီးရှား နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်နဲ့အညီဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အရေးပေါ် တုံ့ပြန်ရေးကြိုးပမ်းမှုတွေ ပံ့ပိုးကူညီဖို့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင် တာ (AHA Centre) အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေမှ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေမှ ကိုယ်စားလှယ်တွေဟာ မြေပြင်မှာ သတင်းအချက်အလက်တွေ စုဆောင်းနေပြီး လို အပ်ချက်အကဲဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အလွန်အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ရခိုင်ကမ်းရိုးတန်းဒေသ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါ တယ်။

ကိုးကား – Bernama
Ref; ASEAN to send humanitarian aid to Myanmar on Sunday

#Ayeyarwaddy_Times